SJ WorldNews - шаблон joomla Авто

အာရှကလပ် အမျိုးသား ဘော်လီဘောပြိုင်ပွဲ ဆက်လက်ကျင်းပ

Saturday, 04 August 2018 08:30 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဩဂုတ် ၃

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အားကစားနှင့် ကာယပညာ ဦးစီးဌာန အာရှ ဘော်လီဘော အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ဘော်လီဘော အဖွဲ့ချုပ်တို့ ပူးပေါင်း၍ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၁၈ ခုနှစ် အာရှကလပ် အမျိုးသား ဘော်လီဘော ပြိုင်ပွဲကို ယနေ့တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစား(B) ရုံနှင့် (C) ရုံတို့၌ ယှဉ်ပြိုင်ကစားကြရာ သီရိလင်္ကာကလပ် LANKA LIONS အသင်းက မြန်မာကလပ် ASIA WORLD အသင်းကို ၂၅-၁၅၊ ၂၁-၂၅၊ ၂၅-၂၀၊ ၂၃-၂၅၊ ၁၅-၁၃ ဖြင့် အနိုင်ရရှိသွားသည်။ ယနေ့ယှဉ်ပြိုင်သော ပွဲစဉ်များ၌ နံနက်၁၁ နာရီတွင် ထိုင်းကလပ် နာခွန်ရတ်ချန်စီမာအသင်းက တာမင်နစ္စတန်ကလပ် BINGAR အသင်းကို ၂၅-၂၃၊ ၂၅-၁၈၊ ၂၃-၂၅၊ ၁၉-၂၅၊ ၁၅-၈ ဖြင့်လည်းကောင်း၊ တရုတ်(တိုင်ပေ)ကလပ် LONG POWER အသင်းက ဟောင်ကောင်ကလပ် ယန်ချိုင်အသင်းကို ၂၅-၁၈၊ ၂၅-၂၀၊ ၁၇-၂၅၊ ၂၅-၁၇ ဖြင့်လည်းကောင်း၊ မွန်းလွဲ ၁ နာရီခွဲတွင် ပါကစ္စတန်ကလပ် WAPDA အသင်းက တရုတ်ကလပ် SICHUAN အသင်းကို ၂၅-၂၃၊ ၂၅-၂၂၊ ၂၅-၂၂ ဖြင့်လည်းကောင်း၊ ဗီယက်နမ်ကလပ် SANEST KHANH HOA အသင်းက ဩစတြေးလျကလပ် ကန်ဘီရာ အသင်းကို ၂၅-၁၉၊ ၂၅-၂၃၊ ၂၅-၁၈ ဖြင့်လည်းကောင်း၊ ညနေ ၄ နာရီတွင် သီရိလင်္ကာကလပ် LANKA LIONS အသင်းက မြန်မာကလပ် ASIA WORLD အသင်းကို ၂၅-၁၅၊ ၂၁-၂၅၊ ၂၅-၂၀၊ ၂၃-၂၅၊ ၁၅-၁၃ ဖြင့်လည်းကောင်း အသီးသီးအနိုင် ရရှိသွားကြောင်း သိရသည်။ ကွာတားဖိုင်နယ် ပွဲစဉ်များကို ဩဂုတ် ၄ ရက်(ယနေ့)နံနက် ၁၁ နာရီမှစ၍ ဝဏ္ဏသိဒ္ဓိ အားကစား(B)ရုံနှင့်(C)ရုံတို့၌ ဆက်လက်ယှဉ်ပြိုင် ကစားကြမည်ဖြစ်သည်။ ယနေ့ပွဲစဉ်များ ယှဉ်ပြိုင်ကစားနေမှုကို ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများ တက်ရောက်ကြည့်ရှု အားပေးကြကြောင်း သိရသည်။

Read 179 times Last modified on Saturday, 04 August 2018 08:31