SJ WorldNews - шаблон joomla Авто

အုပ်စုတက်ရေး လက်ကျန်ပွဲစဉ်များတွင် အမှားခံမည် မဟုတ်ဟု မြန်မာ ယူ-၁၆ အသင်း နည်းပြချုပ်ပြော

Saturday, 04 August 2018 09:30 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဩဂုတ် ၃

အင်ဒိုနီးရှားနိုင်ငံ၌ အိမ်ရှင်အဖြစ် ကျင်းပလျက်ရှိသည့် ၂၀၁၈ အာဆီယံ ယူ-၁၆ အမျိုးသား ဘောလုံးပြိုင်ပွဲတွင် မြန်မာ ယူ-၁၆ အသင်းသည် သုံးပွဲကစားပြီး နှစ်ပွဲနိုင်၊ တစ်ပွဲရှုံးဖြင့် ရမှတ်ခြောက်မှတ် ရရှိကာ အဆင့်(၂)နေရာတွင် ရပ်တည်နေသော်လည်း အုပ်စုတက်ရေး လက်ကျန်ပွဲစဉ်များတွင် အမှားခံမည် မဟုတ်ကြောင်း နည်းပြချုပ်ဦးညီညီလတ်ကပြောသည်။ ကျွန်တော်တို့ လောလောဆယ် အဆင့်(၂)နေရာမှာ ရပ်တည်နေပါတယ်။ ဒါပေမဲ့ အဆင့် (၃)နေရာက ဗီယက်နမ်နဲ့ ရမှတ်တူ ရပ်တည်နေတာဖြစ်ပါတယ်။ ကျန်တဲ့ ကမ္ဘောဒီးယား၊ တီမောတို့ကလည်း သုံးမှတ်စီရထားတယ်။ ဒါကြောင့် လက်ကျန်ပွဲတွေမှာ အမှားခံလို့မရဘူး။ အုပ်စုတက်ဖို့ဆိုရင် လက်ကျန်ပွဲတွေကို အနိုင်ကစားမှဖြစ်မယ် ဟု ဦးညီညီလတ်ကပြောသည်။ မြန်မာ ယူ-၁၆ အသင်းသည် လက်ရှိတွင် တီမောကို ၃ ဂိုး-၂ ဂိုး၊ ဖိလစ်ပိုင်ကို ၇ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရထားပြီး အိမ်ရှင် အင်ဒိုနီးရှားကို ၂ ဂိုး-၁ ဂိုးဖြင့် ရှုံးနိမ့်ထားသည်။ လက်ကျန် ပွဲစဉ်များအဖြစ် ဩဂုတ် ၄ ရက်တွင် ကမ္ဘောဒီးယား၊ ဩဂုတ် ၆ ရက်တွင် ဗီယက်နမ် အသင်းတို့နှင့် ဆက်လက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ လက်ရှိ မြန်မာအသင်း ပါဝင်သည့် အုပ်စု(က)တွင် အိမ်ရှင် အင်ဒိုနီးရှားမှာ သုံးပွဲကစား သုံးပွဲနိုင်နှင့် ရမှတ် ကိုးမှတ်ရရှိကာ ထိပ်ဆုံး၌ ဦးဆောင်ထားပြီး မြန်မာအသင်းက ရမှတ်ခြောက်မှတ်ဖြင့် အဆင့်(၂)နေရာတွင် ရပ်တည်နေကာ ဗီယက်နမ်အသင်းက ရမှတ်ခြောက်မှတ် ရရှိကာ ဂိုးကွာခြားချက်ကြောင့် အဆင့်(၃)နေရာတွင် ရပ်တည်နေကြောင်း သိရသည်။

Read 138 times Last modified on Saturday, 04 August 2018 09:31