SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

အာရှအားကစား ပြိုင်ပွဲမှ မြန်မာအမျိုးသား ဘောလုံးအသင်း ပွဲစဉ်များကို MY SPORTS မှ တိုက်ရိုက်ထုတ်လွှင့် ပြသမည်

Saturday, 04 August 2018 09:31 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဩဂုတ် ၃

အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည့် အာရှအားကစား ပြိုင်ပွဲတွင် မြန်မာအမျိုးသား ဘောလုံးအသင်း ပွဲစဉ်များကို MY SPORTS ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သိရသည်။ MY SPORTS ရုပ်သံလိုင်းအနေဖြင့် အာရှအားကစား ပြိုင်ပွဲတွင် မြန်မာအသင်း ပွဲစဉ်များကို တိုက်ရိုက်ထုတ်လွှင့်ပြသရန် ရုပ်သံမူပိုင်ခွင့် ဝယ်ယူပြသမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မီဒီယာ ဒါရိုက်တာ ဦးဇော်မင်းထိုက်ကပြောသည်။ ကျွန်တော်တို့ လောလောဆယ် သိထားတာက MY SPORTS ရုပ်သံလိုင်းက မူပိုင်ခွင့်ဝယ်ပြီး မြန်မာအသင်း ပွဲစဉ်တွေကို တိုက်ရိုက်ပြသမှာ ဖြစ်ပါတယ်။ သူတို့ပြသရင်တော့ Facebook Link ကနေပဲ ကြည့်ရမှာပါ။ အဖွဲ့ချုပ် အနေနဲ့တော့ ပြည်တွင်းရုပ်သံလိုင်းကပြဖို့၊ မပြဖို့ လောလောဆယ် စီစဉ်ထားတာ မရှိသေးဘူး ဟု ဦးဇော်မင်းထိုက်ကပြောသည်။ MY SPORTS ရုပ်သံလိုင်းသည် ပြည်ပအခြေစိုက် ရုပ်သံဌာန တစ်ခုဖြစ်ပြီး Facebook မှတစ်ဆင့် နိုင်ငံတကာ ဘောလုံး ပြိုင်ပွဲများကို တိုက်ရိုက်ထုတ်လွှင့် ပြသလျက်ရှိသည်။ လက်ရှိတွင် မြန်မာနေရှင်နယ်လိဂ်နှင့် ပူးပေါင်းကာ မြန်မာနေရှင်နယ်လိဂ် စီနီယာ အသင်းပြိုင်ပွဲနှင့် လူငယ်ပြိုင်ပွဲများကို MY SPORTS Pageမှ တိုက်ရိုက်ထုတ်လွှင့် ပြသလျက်ရှိသည်။ အာရှအားကစား ပြိုင်ပွဲတွင် မြန်မာအသင်းသည် အုပ်စု(င်္)၌ အီရန်၊ မြောက်ကိုရီးယား၊ ဆော်ဒီအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး အုပ်စုအဖွင့်ပွဲအဖြစ် ဩဂုတ် ၁၅ ရက်တွင် မြောက်ကိုရီးယား၊ ဩဂုတ် ၁၇ ရက်တွင် ဆော်ဒီ၊ ဩဂုတ် ၂၀ ရက်တွင် အီရန်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

Read 165 times Last modified on Saturday, 04 August 2018 09:31