SJ WorldNews - шаблон joomla Авто

ကျောင်းအဆင့်ပြိုင်ပွဲများမှ အရည်အချင်းရှိလူငယ်များကို အကယ်ဒမီသို့ခေါ်ယူမည်

Friday, 10 August 2018 09:34 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   သြဂုတ်  

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည်  မြို့နယ်ဘောလုံးအဖွဲ့ချုပ်များ ဖွဲ့စည်းပြီးနောက် ဒေသအလိုက် အခြေခံ ပညာ ကျောင်းများနှင့် ပူးပေါင်းပြီး ကျောင်းအဆင့် ဘောလုံးပြိုင်ပွဲများ ကျင်းပမည်ဖြစ်ရာ ယင်းပြိုင်ပွဲများမှ အရည်အချင်းရှိ လူငယ် ကစား သမားများကို  အကယ်ဒမီသို့  ခေါ်ယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ထံမှ သိရသည်။

''အဓိကအချက်အနေနဲ့ ကျောင်းတွေမှာ  လုပ်တဲ့ ဘောလုံးပြိုင်ပွဲတွေကို စနစ်တကျဖြစ်အောင် အခြေခံပညာ မူလတန်း၊ အခြေခံ ပညာအလယ်တန်းနဲ့ အခြေခံပညာအထက်တန်း အဆင့်လိုက်ပြိုင်ပွဲတွေဖြစ်အောင်  လုပ်မယ်။  အဲဒီကနေ  အရည်အချင်းရှိတဲ့ လူငယ်ကစားသမားတွေကို အကယ်ဒမီတို့၊ အားကစားနှင့် ကာယပညာ သိပံ္ပတို့ကို  ခေါ် မယ်။ ပြီးရင် သက်တမ်းအလိုက် လက်ရွေးစင် အဆင့်တွေမှာ ကစားလို့ရအောင် လေ့ကျင့် ပေးမယ်'' ဟု ဦးဇော်ဇော်က ပြောသည်။

 မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဖွင့်လှစ်ထားသော    အကယ်ဒမီများသည် အလွယ်တကူတက်ရောက်နိုင်သော    ဘောလုံး သင်တန်းကျောင်းများမဟုတ်ဘဲ    နှစ်စဉ် တစ်ကြိမ်သာပြုလုပ်သည့်   တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပသော ကစား သမား ရွေးချယ် ပွဲတွင် ရွေးချယ်ခံရမှသာ တက်ရောက်ခွင့်ရှိသော  အကယ်ဒမီကျောင်းဖြစ် သည်။

လက်ရှိတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ကစားသမားရွေးချယ်ပွဲ မဟုတ်ဘဲ ကျောင်းအဆင့်ပြိုင်ပွဲများမှ အရည် အချင်းရှိ လူငယ်များကိုရွေးထုတ်ကာ သက်ဆိုင်ရာ ဘောလုံးအကယ်ဒမီများတွင် ဘောလုံး ပညာ သင်ကြား ခွင့် ပေးမည်ဖြစ်ကြောင်း သိရသည်။              

တီတီ

Read 20 times Last modified on Friday, 10 August 2018 09:48