SJ WorldNews - шаблон joomla Авто

အာဆီယံ ယူ-၁၆ ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် ထိုင်းအသင်းကို ရှုံးပြီး မြန်မာအသင်း ဗိုလ်လုပွဲနှင့်လွဲချော်

Friday, 10 August 2018 09:48 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   သြဂုတ်  

အင်ဒိုနီးရှားနိုင်ငံ၌ အိမ်ရှင်အဖြစ် ကျင်းပသည့် ၂ဝ၁၈ အာဆီယံ ယူ-၁၆ အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် မြန်မာ ယူ-၁၆ အသင်းနှင့် ထိုင်း ယူ-၁၆အသင်းတို့  ယနေ့တွင်  ယှဉ်ပြိုင်ကစားရာ ၁ ဂိုး - ဂိုးမရှိဖြင့် ရှုံး နိမ့် ခဲ့သောကြောင့် မြန်မာ ယူ-၁၆ အသင်း ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့ရသည်။

အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယားရှိ  Delta Sidoarjo Stadium ၌ ယှဉ်ပြိုင်ကစားသော မြန်မာ ယူ-၁၆ နှင့် ထိုင်း ယူ-၁၆ အသင်း ပွဲစဉ် တွင် မြန်မာအသင်းက ပွဲထွက်ကစားသမားစာရင်း၌   နောင်နောင်စိုး၊  ခွန်ကျော်ဇင်ဟိန်း၊ အောင်ကိုဦး  စသည့်   ခြေစွမ်းပြ ကစားနေသော အဓိကကစားသမား အများစုကို  ပွဲထုတ်ခဲ့သည်။  ထိုင်းအသင်းကလည်း ပွဲထွက် ကစားသမား အစုံအလင်ဖြင့် ယှဉ်ပြိုင်ခဲ့သည်။

ပထမပိုင်းအစတွင် နှစ်သင်းစလုံး ခြေရည်တူကစားခဲ့ပြီး အပြန်အလှန်တိုက်စစ် ဆင်မှုများဖြင့် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ သည်။ မြန်မာ အသင်းကလည်း အပိုင်အခွင့်အရေးများ ဘားတန်း ထိထွက်ကာ ဂိုးကန်ခေခဲ့သောကြောင့်   ပထမ ပိုင်းကို   ဂိုးမရှိသရေ ရလဒ်ဖြင့်   ပြီးဆုံးခဲ့သည်။    ဒုတိယပိုင်းပွဲအစ တစ်မိနစ်မှာပင် ထိုင်းအသင်းက  မထင် မှတ်ဘဲ  အဖွင့်ဂိုး သွင်းယူပြီး   ပွဲကို ဦးဆောင်ခဲ့သည်။

ယင်းနောက် မြန်မာအသင်းက လူစားလဲ မှုများပြုလုပ်ပြီး ချေပဂိုးရရှိရန် ကြိုးစားခဲ့သော်လည်း အပိုင်အခွင့် အရေးများ ဆုံးရှုံးခဲ့ရပြီး ထိုင်းအသင်း၏ နောက်တန်းကစားပုံ ကောင်းမွန်မှုကြောင့် မြန်မာအသင်း ချေပဂိုး ပြန်လည် သွင်းယူ နိုင်ခြင်းမရှိဘဲ ပွဲအပြီးတွင်  ၁ ဂိုး- ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ရသည်။

ထို့ကြောင့် မြန်မာ ယူ-၁၆ အသင်းသည်  တတိယ နေရာလုပွဲကို ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။   တတိယနေရာ လုပွဲစဉ်အဖြစ်  အင်ဒိုနီးရှားနှင့် မလေးရှား အသင်းတို့၏  ဆီမီးဖိုင်နယ် ပွဲစဉ်မှ ရှုံးနိမ့်သော အသင်းနှင့်  မြန်မာ အသင်း ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အနိုင်ရရှိသော အသင်းမှာ ထိုင်းအသင်းနှင့် ဗိုလ်လုပွဲယှဉ်ပြိုင်ရမည်ဖြစ်သည်။ ယင်းဗိုလ်လုပွဲနှင့်  တတိယနေရာလုပွဲကို သြဂုတ် ၁၁ ရက်တွင်  ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း  သိရသည်။

တီတီ

Read 23 times Last modified on Friday, 10 August 2018 09:49