SJ WorldNews - шаблон joomla Авто

Monsoon Cup Chess Championship 2018ပြိုင်ပွဲ ချန်ပီယံဆုကို မင်းထူးဆွတ်ခူး

Friday, 10 August 2018 09:49 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   သြဂုတ်  

မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်မှ ကြီးမှူးပြီး မြန်မာ့လက်ရွေးစင်ဟောင်းများဖြစ်သည့် ဝင်းထွန်းနှင့် စည်သူတို့  စီစဉ်ကျင်းပသည့် Monsoon Cup Chess Championship 2018  ပြိုင်ပွဲ  နောက်ဆုံးနေ့ပွဲစဉ်များကို  ယနေ့တွင်   ကျင်းပခဲ့ရာ ချန်ပီယံဆုကို မင်းထူးက ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို သြဂုတ် ၄ ရက်မှ ၉ ရက် အထိ ရန်ကုန်မြို့ အောင်ဆန်းအားကစားကွင်းရှိ မြန်မာနိုင်ငံစစ်တုရင် အဖွဲ့ချုပ် အားကစား ခန်းမ၌ ကျင်းပခဲ့ပြီး  ပြိုင်ပွဲဝင်ကစားသမားများအဖြစ် ဝေဖြိုး၊ မြင့်ဟန်၊ မင်းထူး၊ ညီညီ လွင်၊ ကျော်လင်းနိုင်၊ ဌေးမင်းလွင်၊ ဟန်မင်းစိုး၊  မျိုးထက်၊  လင်းမင်းထိုက်၊  မြတ်မင်းအေး၊ ခင်သန်းနှင့် ဝင်းထွန်းတို့  ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

နောက်ဆုံးနေ့ပွဲစဉ်များအပြီးတွင် မင်းထူး က  ရမှတ်ရှစ်မှတ်ဖြင့်  ချန်ပီယံဆုဆွတ်ခူးခဲ့ပြီး ဒုတိယဆုကို   ရမှတ် ခုနစ်မှတ်ခွဲဖြင့် ကျော်လင်းနိုင်၊   တတိယဆုကို   ရမှတ် ခုနစ်မှတ်ဖြင့် ဝေဖြိုး၊ စတုတ္ထဆုကို ရမှတ် ခုနစ်မှတ်ဖြင့် လင်းမင်းထိုက်၊  ပဉ္စမဆုကို  ရမှတ်ခြောက်မှတ်ခွဲဖြင့် ခင်သန်းတို့က ဆွတ်ခူးရရှိခဲ့သည်။

ဆုရရှိသူများအား  ပထမဆု ငွေကျပ်  သုံးသိန်း၊  ဒုတိယဆု  ငွေကျပ် နှစ်သိန်း၊ တတိယဆု ငွေကျပ် တစ်သိန်း၊  စတုတ္ထဆု  ငွေကျပ် ငါးသောင်း၊   ပဉ္စမဆု ငွေကျပ် သုံးသောင်းနှင့် ပြိုင်ပွဲဝင်အားလုံးကို ရမှတ် တစ်မှတ်အတွက် ငွေကျပ် တစ်သောင်း၊ ရမှတ် သုည ဒသမ ၅ မှတ်အတွက် ငွေကျပ် ငါးထောင်ချီးမြှင့် ခဲ့ကြောင်း သိရသည်။

တီတီ

Read 72 times Last modified on Friday, 10 August 2018 09:50