SJ WorldNews - шаблон joomla Авто

လိုကုကုနှင့် ပွဲတွင် အနိုင်ရရှိရန် ယုံကြည်မှု ရှိကြောင်း ထွန်းထွန်းမင်း ပြော

Friday, 10 August 2018 09:50 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   သြဂုတ်  

မြန်မာပြည်ချန်ပီယံဟောင်း ထွန်းထွန်းမင်းသည် ဒဏ်ရာမှ  ပြန်လည်သက်သာလာပြီး တတိယအကြိမ် မြန်မာ့ရိုးရာ လက်ဝှေ့ ကမ္ဘာ့ ချန်ပီယံလုပွဲအဖြစ် ကွန်ဂိုနိုင်ငံသား ဒါရီလိုကုကုနှင့် ယှဉ်ပြိုင်မည်ဖြစ်ရာ  အနိုင်ရရှိရန် ယုံကြည်ကြောင်း ထွန်းထွန်းမင်းကပြောသည်။

''အရင်က  လိုကုကုနဲ့ကျွန်တော်  ဂျပန်နိုင်ငံမှာ  တစ်ခါယှဉ်ပြိုင်ဖူးတယ်။ မြန်မာ့ ရိုးရာလက်ဝှေ့တော့မဟုတ်ဘူး။ ဂျပန် ရိုးရာ ပွဲတစ်ခုပါ။  အဲဒီတုန်းက ကျွန်တော်က နည်းစနစ်ပိုင်း သိပ်နားမလည်တော့  မထိုးလိုက်ရဘဲ  စည်းအပြင် ရောက်သွားလို့  ရှုံးသွားတယ်။ အခု အဲဒီရှုံးကြွေးကို ပြန်ဆပ်မယ်။

သူက လူကောင်ကြီးပြီး အားကောင်းတယ်။ သူထိုးထားတဲ့ မြန်မာ့ရိုးရာလက်ဝှေ့ပွဲတွေကို လေ့လာထားတယ်။ သူ့ကို အနိုင်ယူဖို့ ၉ဝ ရာခိုင်းနှုန်းလောက် ယုံကြည်ပါတယ်။ ဆိုင်းယော့လို လက်သီးအား ကောင်းတဲ့သူနဲ့  ယှဉ်ပြိုင်ပြီး တဲ့နောက် ဘယ်သူ့ကိုမှ မကြောက်တော့ပါဘူး။ လိုကုကုနဲ့က မြန်မာနိုင်ငံမှာ ယှဉ်ပြိုင်မှာဆိုတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားမှာပါ'' ဟု  ထွန်းထွန်းမင်းကပြောသည်။

မြန်မာမီဒီယာဂရု(ဖ်)အနေဖြင့် တတိယ အကြိမ် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံလုပွဲကို သြဂုတ် ၁၉ ရက်တွင် ရန်ကုန်မြို့ရှိ သိမ်ဖြူလက်ဝှေ့ရုံ၌ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲတွင် တွဲဆိုင်းခုနစ်ဆိုင်းပါဝင်မည်ဖြစ်သည်။

တွဲဆိုင်းများအဖြစ် ၆၅ ကီလိုတန်းတွင် ထွန်းလွင်မိုး(မြန်မာ)နှင့် ခါရာတီဆာရီတီဒတ်(ထိုင်း)၊ ၇ဝ ကီလိုတန်းတွင် ဖျံသွေး(မြန်မာ) နှင့် စောဂေါ်မူဒို(မြန်မာ)၊ ၅၇ ကီလိုတန်းတွင် ရဲသွေးနီ(မြန်မာ)နှင့် ဟာမာမိုတိုယူတာကက် (ဂျပန်) ၊ ၇၃ ကီလိုတန်းတွင် ရွှေရာမာန်(မြန်မာ)နှင့် ခိုဟီတိုခဲရှီ(ဂျပန်)၊ ၈ဝ ကီလိုတန်းတွင် ဒေ့ဗ်လက်(မြန်မာ)နှင့်  ဒီစဲလက် (ထိုင်း)၊  ၈ဝ ကီလိုတန်းတွင်  ထွန်းထွန်းမင်း (မြန်မာ) နှင့်  ဒါရီလိုကုကု(ကွန်ဂို)၊  ၆ဝ  ကီလိုတန်း အမျိုးသမီး ပွဲစဉ်တွင် ဘရောနီကာ (မြန်မာ)နှင့် အယ်လီနာမစ်ချပ်(ဘီလာရုစ်)တို့ ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။        

တီတီ

Read 103 times Last modified on Friday, 10 August 2018 09:51