SJ WorldNews - шаблон joomla Авто

၂ဝ၁၈ -၂ဝ၁၉ ပရီးမီးယားလိဂ်ပွဲစဉ် (၁) ပွဲကြိုသုံးသပ်ချက်

Friday, 10 August 2018 11:51 font size decrease font size decrease font size increase font size increase font size

ရာသီအဖွင့်ပွဲစဉ်မှာ ကစားသမားမစုံတဲ့ နှစ်သင်း သရေကျဖို့များနေ

မန်ယူ-လက်စတာ ပွဲချိန်

(နံနက်   ဝ၁း၃ဝ)

နောက်ဆုံး သုံးကြိမ်တွေ့ဆုံမှု

၂၄-၁၂-၂ဝ၁၇    လက်စတာ ၂ - ၂   မန်ယူ

၂၆- ၈- ၂ဝ၁၇    မန်ယူ ၂ - ဝ          လက်စတာ

 ၅-  ၂-၂ဝ၁၇     လက်စတာ ဝ- ၃ မန်ယူ

မန်ယူ နောက်ဆုံးသုံးပွဲ ရလဒ်

၆- ၈-   ၂ဝ၁၈ ဘိုင်ယန် ၁-၀ မန်ယူ  

၁- ၈-   ၂ဝ၁၈ မန်ယူ ၂ - ၁ ရီးယဲလ်

၂၉-၇-  ၂ဝ၁၈ မန်ယူ ၁ - ၄ လီဗာပူး

လက်စတာ နောက်ဆုံး သုံးပွဲရလဒ်

၎- ၈ - ၂ဝ၁၈    လိုင်လီ ၁-၂  လက်စတာ

၂- ၈ - ၂ဝ၁၈    လက်စတာ   ၁ - ၁ ဗလင်စီယာ

၂၈- ၇- ၂ဝ၁၈ လက်စတာ ၁-၂အူဒီးနိစ်

........................................................

၂ဝ၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲပြီး ဆုံးတာ တစ်လနီးပါးသာရှိသေးပေမယ့်   ဘောလုံးပရိသတ်တွေ အတွက်တော့ ဒီတစ်လ က စောင့်ရတာ ကြာလှတဲ့ရက်တွေဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ သြဂုတ် ၁ဝ ရက်ညမှာတော့ အားလုံး မျှော်လင့် စောင့်စားနေတဲ့ ပရီးမီးယားလိဂ်ရာသီအဖွင့် ပွဲစဉ်အဖြစ် မန်ယူနဲ့ လက်စတာတို့ အိုးထရက်ဖို့ဒ်ကွင်း မှာ ကစားပါတော့မယ်။   ပရိသတ်တွေအတွက်တော့  စောင့်ရတာကြာတယ်လို့ထင်ရပေမယ့် မန်ယူနည်းပြ မော်ရင်ဟို အတွက်တော့ ရာသီသစ်စတင်တာ စောတယ်လို့ ထင်နေရတဲ့ အနေအထားဖြစ်နေပါတယ်။ လက်ရှိ အချိန် မန်ယူ အသင်းမှာ ကမ္ဘာ့ဖလားပွဲ နွှဲထားရလို့  ပွဲပန်ပြီး အားလပ်ရက်က ပြန်လာခါစ  ကစားသမားတွေနဲ့  ဒဏ်ရာရ ကစားသမားတွေ အများကြီးရှိနေလို့ မော်ရင်ဟိုက ဖြစ်နိုင်ရင် အချိန်ထပ်စောင့်ပြီးမှ ရာသီသစ်ပွဲကိုကစား ချင်ပါလိမ့်မယ်။ အဓိကကွင်းလယ်ကစားသမားမာတစ်၊ ဗဟိုခံစစ်မှူး ရိုဂျို၊ အသင်းခေါင်းဆောင်ဗလင်စီယာ နဲ့ဒီနွေရာသီဈေးကွက်မှာ ပေါ်တိုအသင်းကနေခေါ်ယူ ထားတဲ့ ဒီယေဂိုဒါလော့တို့အားလုံး ဒီပွဲမှာ ဒဏ်ရာကြောင့် ပါဝင်နိုင်စွမ်း မရှိပါဘူး။ ဗလင်စီယာနဲ့ ဒါလော့တို့နှစ်ဦး စလုံးက ညာနောက်ခံကစားသမားတွေဖြစ်ပြီး သူတို့နှစ် ဦးစလုံး မပါဝင်နိုင်တဲ့အတွက် မော်ရင်ဟိုက ဒီနေရာမှာ လင်ဒီလော့ဖ် ဒါမှမဟုတ် ဒါမီယန်းကို သုံးရတော့မှာ ဖြစ်ပါတယ်။ ဖယ်လိုင်နီ၊ လင်ဂတ်၊ အက်ရှ်လေယန်း၊ ပေါ့ဂ်ဘာ၊ ဖီးလ်ဂျုံးစ်နဲ့ လူကာကူတို့အားလုံးကလည်း ကမ္ဘာ့ ဖလားပွဲကြောင့် နားရက်တွေပေးခဲ့ရသူတွေဖြစ်လို့ အသင်းနဲ့အတူ ပြန်လည်လေ့ကျင့်ချိန် သိပ်မရသေး တဲ့အတွက် ချက်ချင်း ပွဲထွက်အသုံးပြုဖို့ ခက်ခဲဦးမှာပါ။ ပိုဆိုးတာက မန်ယူရဲ့ ရာသီကြိုနောက်ဆုံးခြေစမ်းပွဲမှာ  ဘိုင်လေနဲ့ အန်ဒါဟာ ရဲယားတို့ အသေးစားဒဏ်ရာတွေ ရခဲ့ကြတဲ့အတွက် သူတို့တောင် ပွဲထွက်ပါဝင်လာနိုင်ဖို့ မရေရာတာ ကြောင့် မော်ရင်ဟို အတွက် ခေါင်းခဲ စရာ ဖြစ်နေမှာ သေချာပါတယ်။ မော်ရင်ဟိုက ရာသီကြို ကာလမှာ အသင်းကစား သမား စုံလင်ခြင်း မရှိတာရယ်၊ လိုချင်တဲ့ ကစားသမားသစ်တွေ မရတာရယ်ကြောင့် ဒေါသ ထွက် ပေါက်ကွဲပြီး အသင်း ဒုတိယ ဥက္ကဋ္ဌ ဝုဒ်ဝပ်နဲ့တောင် အဆင်မပြေတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတုန်း ဖြစ်ပါတယ်။

လက်စတာအသင်းဘက်မှာလည်း ဒီလိုပြဿနာတွေ ရှိနေပါတယ်။ နည်းပြ ကလော်ဒီပူရယ်က မန်ယူနဲ့ပွဲမှာ အသင်းရဲ့ အရေးအကြီးဆုံးကစားသမားနှစ်ဦးဖြစ်တဲ့ ဗဟိုခံစစ်မှူး ဟယ်ရီမက်ဂွိုင်ယာနဲ့ တိုက်စစ်မှူးဂျေမီ ဗာဒီတို့ မပါ ဝင်နိုင်ဘူးလို့ အတည်ပြု ထားတယ်။ ဝက်စ် ဘရွန်းကနေခေါ်ခဲ့တဲ့ ဂျွန်နီအီဗန်အပြင် ကစားသမား သစ်ဖြစ်တဲ့ ဂျိမ်းစ်မက်ဒီဆင်တောင် ဒဏ်ရာပြဿနာ အနည်းငယ်ရှိနေလို့ မရေရာတဲ့အနေအထားရှိနေဆဲပါ။  

နှစ်သင်းစလုံးရဲ့ ရာသီကြိုခြေစမ်းပွဲရလဒ်တွေကို  ပြန်ကြည့်တော့လည်း   အားရစရာမကောင်းပါဘူး။ မန်ယူက ရာသီကြိုအမေရိကခရီးစဉ်မှာ နောက်ဆုံးငါးပွဲအနက်  တစ်ပွဲကိုသာ အနိုင်ရခဲ့တယ်။ ဥရောပကို ပြန်လာအပြီး  ဘိုင်ယန်နဲ့ ကစားတဲ့ ခြေစမ်း ပွဲမှာလည်း တစ်ဂိုးတည်းနဲ့ ကပ်ရှုံးခဲ့ရတယ်။  ခြေစမ်းပွဲတွေထဲမှာ ကလပ် အမေရိကနဲ့ ဆန်ဟိုဆေး အတ်ကွိတ်လိုအသင်းတွေနဲ့သရေကျပြီး လီဗာပူးကို ၄ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ်ရှုံးခဲ့တာကြောင့် မော်ရင်ဟို ကိုယ်တိုင်က သူသာပရိသတ် ဆိုရင်  မန်ယူအသင်းခြေစမ်းပွဲတွေကို ငွေပေးပြီး ကြည့်မှာမဟုတ်ဘူးလို့ ပြောခဲ့ပါ သေးတယ်။

လက်စတာအသင်းရဲ့  ရာသီကြိုခြေစမ်းပွဲငါးပွဲမှာလည်း  နိုင်ပွဲနှစ်ပွဲသာ ရှိခဲ့ပါတယ်။ ပထမဆုံး ခြေစမ်းပွဲ အဖြစ် အင်္ဂလန် အသင်းငယ်လေး နော့ကောင်တီနဲ့ပွဲမှာ အနိုင်ရခဲ့ပြီး  နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ  လိုင်လီကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင် ရခဲ့ပေမယ့် ကြားမှာ ကစားခဲ့တဲ့ ပွဲတွေမှာတော့ ဗလင်စီယာ၊ အက်ဟီဆာဆပေါ် အသင်း တွေနဲ့သရေကျပြီး အူဒီး နိစ်ကို ရှုံးခဲ့ပါတယ်။

နှစ်သင်းထိပ်တိုက် တွေ့ဆုံမှု အနေအထားကို ပြန်သုံးသပ်ရင် နောက်ဆုံး ခြောက်ကြိမ် တွေ့ဆုံမှုမှာ မန်ယူက လေးပွဲနိုင်ပြီး နှစ်ပွဲသရေ ကစားနိုင်ခဲ့တယ်။ ဒီဇင်ဘာလတုန်းက လက်စတာရဲ့ ကင်းပါဝါကွင်းမှာကစားတော့ နှစ်ဂိုးစီသရေကျပြီး   အဲဒီပွဲမှာ  လက်စတာဘက်က  ဗာဒီနဲ့  မက်ဂွိုင်ယာတို့နှစ်ဦးစလုံး   ဂိုးသွင်းနိုင်ခဲ့ကြပါတယ်။

ရာသီအဖွင့်ပွဲဖြစ်လို့ နှစ်သင်းစလုံး စွဲမက်ဖွယ်ရာ တိုက်စစ်ကစားဟန်နဲ့   ပရိသတ်ကိုဖမ်းစားနိုင်မယ့် ပွဲအဖြစ်မျှော် လင့်ကြမှာဖြစ်ပေမယ့် တကယ်တမ်းကစားရမယ့် ကစားသမား စာရင်းမှာ အဓိက ကစားသမားတွေ ပါဝင်နိုင်မှာ မဟုတ်လို့ မျှော်လင့် သလို ဖြစ်လာမယ့်ပွဲမျိုး မဟုတ်နိုင်ပါဘူး။

မနှစ်ကရာသီမှာ မန်ယူ အသင်းရဲ့ ပရီးမီးယားလိဂ် သွင်းဂိုးတွေရဲ့ ၄၄ ရာခိုင်နှုန်းကို ပါဝင်ပတ်သက်ခဲ့တဲ့ လူကာကူ၊ လင်ဂတ်နဲ့ ပေါ့ဂ်ဘာတို့ ဒီပွဲမှာမပါဝင်နိုင်တဲ့ အတွက်   သွင်းဂိုးတွေများမယ့်ပွဲမဖြစ်နိုင်ပါဘူး။ လက်စတာမှာလည်း ပြီးခဲ့သည့်ရာသီက အသင်းသွင်း ဂိုးတွေရဲ့ ၅၇ ရာခိုင်နှုန်းကို ပတ်သက်ခဲ့တဲ့ တိုက်စစ်မှူး ဂျေမီဗာဒီ မပါဝင်နိုင်ခြင်းရယ်၊ မာရက်ဇ်  မန်စီးတီးကို ပြောင်းသွားခြင်းရယ်ကြောင့် ဒီပွဲမှာ လက်စတာဘက်ကလည်း ဂိုးတွေသွင်းနိုင်ဖို့ ခက်ခဲဦးမှာပါ။

မန်ယူအသင်းရဲ့ နောက်ဆုံးခြေစမ်းပွဲ ခြောက်ပွဲမှာ လေးပွဲက ဂိုးအနည်းပွဲ တွေဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ မန်ယူအသင်း နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်းရှစ်ပွဲမှာ လည်း လေးပွဲက ဂိုးနည်းခဲ့လို့ ဒီပွဲမှာလည်း သရေရလဒ် ထွက်ပေါ်နိုင်ပါတယ်။

........................

ဖြစ်နိုင်ဖွယ် ပွဲထွက် ၁၁ ဦးစာရင်း

မန်ယူ (၄-၃-၃)

ဂိုး - ဒီဂီယာ။

နောက်တန်း  - ဒါမီယန်း၊ ဘိုင်လေ၊ လင်ဒီလော့ဖ်၊ လုခ်ရှော။

ကွင်းလယ်     - ဟာရဲယား၊ ဖရတ်၊ ပါရီးယား။

တိုက်စစ်      - မာတာ၊ ရက်ရှ်ဖို့ဒ်၊ ဆန်းချက်ဇ်။

..................

လက်စတာ (၄-၂-၃-၁)

ဂိုး - ကက်စပါရှမိုက်ကယ်။

နောက်တန်း  - ချီလ်ဝဲလ်၊ မော်ဂန်၊ ဘီနာလူအာနီ၊  ပရီးယား။

ကွင်းလယ် - အီဘိုရာ၊ အန်ဒီဒီ၊ မက်ဒီဆင်၊ အယ်လ်ဘရိုက်တန်၊ ဒီယာဘာတီ။

တိုက်စစ် - အီဟီနာချို။

............................

မန်ယူအသင်း ကစားသမားသစ်များ

ဒန်နီဝပ် ပေါင် ၁၂ .၆ဝ သန်း (လီဗာပူး)၊ ဂျွန်နီအီဗန် ပေါင် ၃.၆ဝ သန်း (ဝက်စ်ဘရွန်း)၊ ရီကာဒိုပါရီးယား ပေါင် ၁၉.၈ဝ သန်း (ပေါ်တို)၊  ဂျိမ်းစ်မက်ဒီဆင် ပေါင် ၂၂.၅ဝ သန်း (နောဝှစ်ခ်ျ)၊  ရာချစ်ဂက်ဇယ် ပေါင်  ၁၂ . ၆ဝ သန်း (မိုနာကို)။ လီဂရန့် ပေါင် ၁ . ၅၃ သန်း (စတုတ်)၊ ဒီယေဂို ဒါလော့  ပေါင် ၁၉ . ၈ဝ သန်း (ပေါ်တို)၊  ဖရတ် ပေါင် ၅၃ . ၁ဝ သန်း (ရှက်တာဒိုးနက်စ်)။

အသင်းအင်အား       ၂၈ ဦး။

အသင်းပျမ်းမျှအသက် ၂၆ .၇ နှစ်။

ပြည်ပကစားသမား    ၂ဝ (၇၁ .၄ ရာခိုင်နှုန်း)။

လက်ရှိနိုင်ငံလက်ရွေးစင်များ  ၂၁ ဦး။

ယခုနွေရာသီဈေးကွက်အသုံးစရိတ် ပေါင် ၇၄ .၄၃သန်း။

ကစားသမားရောင်းရမှုမှရငွေ ပေါင် ၂၁.ဝ၂ သန်း။

...................................

လက်စတာအသင်း ကစားသမားသစ်များ

ဒန်နီဝပ် ပေါင် ၁၂ .၆ဝ သန်း (လီဗာပူး)၊ ဂျွန်နီအီဗန် ပေါင် ၃.၆ဝ သန်း (ဝက်စ်ဘရွန်း)၊ ရီကာဒိုပါရီးယား ပေါင် ၁၉.၈ဝ သန်း (ပေါ်တို)၊  ဂျိမ်းစ်မက်ဒီဆင်  ပေါင် ၂၂.၅ဝ သန်း (နောဝှစ်ခ်ျ)၊  ရာချစ်ဂက်ဇယ် ပေါင်  ၁၂ . ၆ဝ သန်း (မိုနာကို)။

အသင်းအင်အား ၃ဝ ဦး။

အသင်းပျမ်းမျှအသက်၂၇ .၅ နှစ်။

ပြည်ပကစားသမား    ၂၁ (၇ဝ ရာခိုင်နှုန်း)။

လက်ရှိနိုင်ငံလက်ရွေးစင်များ  ၁၅ ဦး။

ယခုနွေရာသီဈေးကွက်အသုံးစရိတ် ပေါင် ၇၁ .၁ဝသန်း။

ကစားသမားရောင်းရမှုမှရငွေ ပေါင် ၇၅.၈၇ သန်း။

.....................

သောကြာနေ့ည (စနေနေ့နံနက်) ပွဲစဉ်များ

ပရီးမီးယားလိဂ် ပွဲစဉ် (၁) အဖွင့်ပွဲ

မန်ယူ - လက်စတာ    (နံနက် ဝ၁း၃ဝ)

ပြင်သစ် လီဂူးဝမ်း ပွဲစဉ် (၁) အဖွင့်ပွဲ

မာဆေး - တူးလုစ် (နံနက်     ဝ၁း၁၅)

Read 121 times Last modified on Friday, 10 August 2018 12:09