×

Warning

JUser: :_load: Unable to load user with ID: 106
Print this page

ဒီဂီယာကို တစ်ပတ်ပေါင် နှစ်သိန်းဖြင့် မန်ယူ ကာလရှည်စာချုပ် သက်တမ်းတိုးရန် စီစဉ်

Thursday, 16 August 2018 10:20 font size decrease font size decrease font size increase font size increase font size

မန်ချက်စတာ သြဂုတ် ၁၅

မန်ယူအသင်းသည် အသင်းမှ အဓိကဂိုးသမား ဒီဂီယာကို ကာလရှည် စာချုပ်သက်တမ်း တိုးနိုင်ရန် ယုံကြည်နေပြီး စာချုပ်သစ်တွင် ဒီဂီယာကို ပရီးမီးယားလိဂ် ဂိုးသမားများအနက် လစာအများဆုံး ရသူအဖြစ် တစ်ပတ်လစာ ပေါင်နှစ်သိန်းပေးရန် ကမ်းလှမ်းထားကြောင်း သိရသည်။ ဒီဂီယာနှင့် မန်ယူအသင်းတို့ စာချုပ်ချုပ်ဆိုသော ပြီးခဲ့သည့် ဇူလိုင်လကတည်းက ကုန်ဆုံးခဲ့သော်လည်း ယခင်စာချုပ်တွင် တစ်နှစ်ထပ်တိုးနိုင်သည့် သဘော တူညီချက်ကြောင့် အသင်းတွင် ၂ဝ၂ဝ ပြည့်နှစ်အထိ ဆက်လက်ကစားရန် ရှိနေသည်။ အသက် ၂၇ နှစ်ရှိပြီ ဖြစ်သော ဒီဂီယာကို မန်ယူအသင်းက စာချုပ်သစ်တွင် ၂ဝ၂၁-၂ဝ၂၂ ရာသီအထိ ဆက်လက် ရှိနေစေရန် ကမ်းလှမ်းထားပြီး ထိုသဘောတူညီချက်ရပါက ဒီဂီယာသည် မန်ယူတွင် ၁ဝ နှစ်ကြာ ကစားပေးသူ ဖြစ်လာမည် ဖြစ်သည်။ ပြီးခဲ့သည့် တစ်ပတ်က ရီးယဲလ်အသင်းသည် ချယ်လ်ဆီးဂိုးသမား ကော်တွိုက်စ်ကို ပေါင် ၃၂ သန်းဖြင့် ခေါ်ယူခဲ့ခြင်းကြောင့် ဒီဂီယာ၏ ရီးယဲလ်တွင် ကစားရန် အိပ်မက်သည် ဖြစ်မလာ နိုင်တော့သဖြင့် မန်ယူအသင်း ကမ်းလှမ်းသော စာချုပ်သစ်ကို ဒီဂီယာဘက်မှ လက်ခံတော့မည်ဟု အတွင်းသတင်းများက ဖော်ပြနေကြသည်။ ဒီဂီယာသည် မော်ရင်ဟိုနှင့် သာမက မန်ယူအသင်း ဂိုးနည်းပြ အီမီလိုအယ်လ်ဗာရက်ဇ်နှင့်ပါ ရင်းနှီးသော ဆက်ဆံရေး ရှိနေခြင်းကြောင့် မန်ယူတွင် ဆက်လက်ကစားရန် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။

အင်္ဂလန်တွင် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ပိတ်သိမ်း သွားသော်လည်း တခြားဥရောပ လိဂ်များတွင် သြဂုတ်လကုန်မှ ဈေးကွက်ပိတ်မည် ဖြစ်ခြင်းကြောင့် မန်ယူအသင်းမှ အီတလီ ခံစစ်မှူး ဒါမီယန်းသည် နောက်တစ်ပတ်အတွင်း စီးရီးအေအသင်း တစ်သင်းသို့ ပြောင်းရွှေ့ဖွယ် ရှိနေကြောင်း သိရသည်။ လက်စတာနှင့် ရာသီအဖွင့်ပွဲတွင် မိနစ် ၉ဝ စလုံးကစားခဲ့သည့် ဒါမီယန်းကို နာပိုလီနှင့် အင်တာမီလန် တို့က ခေါ်ယူရန် ကမ်းလှမ်း နေကြပြီး မန်ယူအသင်းက သင့်တင့်သည့် ဈေးရလျှင် ထုတ်ရောင်းမည် ဖြစ်သည်။ ဒါမီယန်းကို ဝယ်ယူစဉ်က ပေါင် ၁၃ သန်း ပေးရသည်။

Ref: Dailymail

Read 178 times Last modified on Thursday, 16 August 2018 10:22