×

Warning

JUser: :_load: Unable to load user with ID: 106
Print this page

ကားမောင်းရင်း ဗီဒီယိုရိုက်သည့် ဆာလက်ခ်ျကို ရဲတပ်ဖွဲ့မှ အရေးယူရန် စုံစမ်းမှုများ ပြုလုပ်နေ

Thursday, 16 August 2018 10:22 font size decrease font size decrease font size increase font size increase font size

လီဗာပူး သြဂုတ် ၁၅

လီဗာပူးအသင်းမှ အီဂျစ် တောင်ပံကစားသမား မိုဟာမက် ဆာလက်ခ်ျသည် ရာသီအဖွင့်ပွဲစဉ်၌ ဝက်စ်ဟမ်းကို လေးဂိုးပြတ် နိုင်သော ပွဲအပြီးတွင် မာစီဒီးကားဖြင့် အန်ဖီးလ်ကွင်း အတွင်းမှ အထွက် ကလေးငယ်များက ကားဘေး၌ ဝိုင်းနေပြီး အော်တိုလက်မှတ် တောင်းခံမှုကို ကားမောင်းနေရင်း ဖုန်းဖြင့် ဗီဒီယိုရိုက်ကူးခဲ့ရာ ယာဉ်စည်းကမ်း ဖောက်ဖျက်မှုဖြင့် အရေးယူ ခံရတော့မည် ဖြစ်သည်။

ဗြိတိန်၌ ကားမောင်းနေစဉ် ဖုန်းမပြော ရရုံသာမက ယာဉ်ကြော ပိတ်ဆို့နေစဉ်နှင့် မီးပွိုင့်မိချိန်တွင် ဖုန်းမပြော ရဆိုသည့် ဥပဒေ ထုတ်ပြန်ထားရာ ရဲတပ်ဖွဲ့မှ ထိုဖြစ်စဉ်ကို တွေ့ရှိခဲ့ခြင်း မဟုတ်သော်လည်း လူမှုကွန်ရက်ပေါ်တွင် ထိုဗီဒီယို ဖိုင်တက်လာပြီး ပျံ့နှံ့ခဲ့ခြင်းကြောင့် မာဆေးဆိုက် ရဲတပ်ဖွဲ့မှ စုံစမ်းမည်ဟု ဆိုသည်။

''ကျွန်တော်တို့ ဒီဗီဒီယိုဖိုင်ကို သတိပြု မိပါတယ်။ ဒါကြောင့် စုံစမ်းမှု ပြုလုပ်ရမှာပါ'' ဟု ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။ ဆာလက်ခ်ျသည် ကားမောင်းရင်း ဖုန်းဖြင့် ဗီဒီယိုရိုက်ခြင်းကြောင့် ပြစ်ဒဏ်အဖြစ် ယာဉ်မောင်းလိုင်စင်တွင် ခြောက်မှတ် အဖြတ်ခံရနိုင်သလို ဒဏ်ငွေ ပေါင် ၂ဝဝ ပေးရဖွယ် ရှိနေသည်။

Ref:Dailymail

Read 187 times Last modified on Thursday, 16 August 2018 10:23