SJ WorldNews - шаблон joomla Авто

အာရှအားကစား ပြိုင်ပွဲတွင် မြန်မာအနောက်တိုင်း လှေလှော်အဖွဲ့ အနည်းဆုံး ထိုက်သင့်သည့် အဆင့်ဝင်ရန် မျှော်မှန်းထား

Thursday, 16 August 2018 10:26 font size decrease font size decrease font size increase font size increase font size

ရန်ကုန် သြဂုတ် ၁၅

မြန်မာနိုင်ငံလှေလှော် အဖွဲ့ချုပ်အနေဖြင့် အာရှအားကစား ပြိုင်ပွဲသည် ခက်ခဲသည့် ပြိုင်ပွဲ ဖြစ်သောကြောင့် အနည်းဆုံး ထိုက်သင့်သည့် အဆင့်ဝင်ရန် မျှော်မှန်းထားကြောင်း အနောက်တိုင်း လှေလှော်လက်ရွေးစင် နည်းပြချုပ် ဦးကျော်ဝင်းက ပြောသည်။

''ကျွန်တော်တို့ အာရှ အားကစားပွဲတော်နဲ့ တော်တော် ဝေးနေခဲ့တယ်။ အခု ယှဉ်ပြိုင် ရတော့မယ် ဆိုတော့လည်း အစက အမျိုးသမီး နှစ်တက်လှော်နဲ့ လေးတက်လှော်ပဲ သွားပြိုင်ဖို့ ရည်ရွယ်ခဲ့တယ်။ အမျိုးသား ရှစ်တက်လှော်ကို ပါမယ်တောင် မထင်ဘူး။

ဒါပေမဲ့ အင်ဒိုနီးရှား ပြိုင်ပွဲ ကျင်းပရေးက ထပ်ပြီး ကမ်းလှမ်းလာလို့ အမျိုးသား ရှစ်တက် လှော်လည်း ပါဝင်လာတယ်။ အာရှအဆင့်က အာဆီယံနဲ့ မတူဘူး။ တကယ်ကောင်းတဲ့ အသင်းတွေ၊ ကစားသမားတွေနဲ့ ယှဉ်ပြိုင် ရမှာဆိုတော့ အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်ထားပါတယ်။ အာရှအဆင့်ပွဲမှာ ဆုတံဆိပ်ရဖို့ မလွယ်ပေမယ့် ထိုက်သင့်တဲ့ အဆင့်တစ်ခုခု ဝင်ဖို့တော့ မျှော်လင့်ထားပါတယ်''ဟု ဦးကျော်ဝင်းက ပြောသည်။

သြဂုတ် ၁၈ ရက်တွင် အင်ဒိုနီးရှား နိုင်ငံ၌ စတင် ကျင်းပမည့် အာရှအားကစားပြိုင်ပွဲတွင် လှေလှော် အားကစားနည်းအဖြစ် မြန်မာနိုင်ငံမှ အနောက်တိုင်း လှေလှော်၊ ကနူး/ကယက်၊ ရိုးရာလှေ သုံးမျိုးစလုံး၌ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ယင်းလှေလှော် သုံးမျိုးအနက် အနောက်တိုင်း လှေလှော် လက်ရွေးစင် အားကစားအဖွဲ့သည် ယနေ့ နံနက်ပိုင်းက အင်ဒိုနီးရှား နိုင်ငံသို့ ထွက်ခွာ သွားကြောင်း သိရသည်။

တီတီ

Read 185 times Last modified on Thursday, 16 August 2018 10:27