SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

အာရှအားကစား ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်နေသည့် မြန်မာ့လက်ရွေးစင် အသင်း လေ့ကျင့်ရေးကွင်းနှင့် အစားအသောက် အခက်အခဲများ ရှိနေ

Thursday, 16 August 2018 10:27 font size decrease font size decrease font size increase font size increase font size

ရန်ကုန် သြဂုတ် ၁၅

အင်ဒိုနီးရှား နိုင်ငံ၌ အိမ်ရှင်အဖြစ် ကျင်းပသည့် ၂ဝ၁၈ အာရှ အားကစားပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် အင်ဒိုနီးရှား နိုင်ငံသို့ ရောက်ရှိနေသော မြန်မာ့လက်ရွေးစင်ယူ-၂၃ အသင်းသည် လေ့ကျင့်ရေးကွင်း အခက်အခဲနှင့် အစားအသောက် အခက်အခဲများ ရှိနေကြောင်း မြန်မာ့လက်ရွေးစင် အသင်းမီဒီယာ တာဝန်ခံ ဦးဇော်မင်းထိုက်ထံမှ သိရသည်။

''ကျွန်တော်တို့ အသင်းအတွက် စီစဉ်ထားတဲ့ လေ့ကျင့်ရေးကွင်းက အင်ဒိုနီးရှား တပ်မတော်ပိုင် အကယ်ဒမီ ကွင်းပါ။ ကွင်းကတော့ မဆိုးပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ နေတဲ့ ဟိုတယ်ကနေ လေ့ကျင့်ရေးကွင်း သွားမယ်ဆိုရင် အသွားနှစ်နာရီ အပြန် နှစ်နာရီ စုစုပေါင်း အသွားအပြန် လေးနာရီလောက် လမ်းမှာတင် အချိန်ကုန်နေရတယ်။

ပြီးတော့ ကျွန်တော်တို့ အသင်းတည်းခိုတဲ့ ဟိုတယ်ကလည်း 3 Star အဆင့်လောက်ပဲ ရှိတော့ အစားအသောက်က အမယ်များများ မရှိဘူး။ ရွေးစရာမရှိတဲ့ အခြေအနေဆိုတော့ ရှိတာပဲ စားနေရတယ်'' ဟု ဦးဇော်မင်းထိုက်က ပြောသည်။

မြန်မာယူ-၂၃ အသင်းသည် မြောက်ကိုရီးယား ယူ-၂၃ အသင်းနှင့် ပွဲမတိုင်မီ တစ်ရက်တွင် လေ့ကျင့်ရေး အစီအစဉ်ကို ပြိုင်ပွဲနှင့် နီးနေသောကြောင့် ပေးထားသော လေ့ကျင့်ရေးကွင်း၌ သွားရောက် လေ့ကျင့်ပါက ကစားသမားများ ပင်ပန်းနိုင်မည် ဖြစ်၍ ဟိုတယ်အနီးရှိ မြေကွက်လပ် တွင်သာ အပေါ့စား လေ့ကျင့်မှု ပြုလုပ်ခဲ့ရကြောင်း သိရသည်။

ထို့အတူ မြန်မာအသင်း ကဲ့သို့ပင် ပြိုင်ပွဲဝင်အသင်း တချို့မှာလည်း လေ့ကျင့်ရေးကွင်း အခက်အခဲနှင့် တွေ့ကြုံနေရကြောင်း သိရသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ မြန်မာအသင်း အနေဖြင့် တာဝန်ရှိသူများနှင့် ညှိနှိုင်းရန်ကြိုးစားခဲ့သော်လည်း ယမန်နေ့က ပြုလုပ်ခဲ့သော မန်နေဂျာ အစည်းအဝေးတွင် အိမ်ရှင် အိုလံပစ် ကော်မတီမှ တက်ရောက်ခဲ့ခြင်း မရှိသောကြောင့် ညှိနှိုင်း မရခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စီအီးအို ဦးဘုန်းနိုင်ဇော်က ပြောသည်။ တီတီ

Read 249 times Last modified on Thursday, 16 August 2018 10:28