SJ WorldNews - шаблон joomla Авто

၂ဝ၁၇ ခုနှစ်အတွက် ရိုးရာလက်ဝှေ့ အကောင်းဆုံးဆုများ ချီးမြှင့်

Monday, 20 August 2018 10:17 font size decrease font size decrease font size increase font size increase font size

ရန်ကုန် သြဂုတ် ၁၉

ရိုးရာလက်ဝှေ့ ပွဲစဉ်များကို စီစဉ် ကျင်းပလျက်ရှိသော မန္တလေးမြို့အခြေစိုက် Great Tiger Group (GTG) သည် ၂ဝ၁၇ ခုနှစ်အတွက် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲများမှ အကောင်းဆုံးဆုများ ချီးမြှင့်သည့် အခမ်းအနားကို ယနေ့တွင် ရန်ကုန်မြို့ရှိ Orchid Hotel ၌ ကျင်းပသည်။

GTG သည် မြန်မာ့ရိုးရာ လက်ဝှေ့လောကတွင် လက်ဝှေ့ပြိုင်ပွဲများမှ အကောင်းဆုံး ကစားသမားနှင့် ကလပ် အသင်းများကို ရွေးချယ်၍ ဆုများ ချီးမြှင့် လျက်ရှိသည့် တစ်ခု တည်းသော အဖွဲ့အစည်း ဖြစ်သည်။

၂ဝ၁၇ ခုနှစ်အတွက် ရိုးရာလက်ဝှေ့ အကောင်းဆုံး ဆုများတွင် ဆုသုံးဆု ပါဝင် ချီးမြှင့်ခဲ့ပြီး အောင်မြင်မှု အရှိဆုံး ရိုးရာလက်ဝှေ့ ကလပ်ဆုကို သုံးပန်လှ ကလပ်က လည်းကောင်း၊ အလဲထိုး နိုင်ပွဲအများဆုံးရ လက်ဝှေ့သမားဆုကို ရန်နိုင်ထွန်း (ယခင်သုံးပန်လှ) ယခု (ဇွဲကပင်မြေ) က လည်းကောင်း၊ အတိုးတက်ဆုံး ရိုးရာလက်ဝှေ့ ကစားသမားဆုကို ကျော်စွာဝင်း (ယူနိုက်တက်၊ မန္တလေး) ကလည်းကောင်း ရရှိခဲ့သည်။

ထို့ပြင် ဆုကြေးများအဖြစ် ဆုတစ်ဆုလျှင် ငွေကျပ် ၁ဝ သိန်းစီ ချီးမြှင့်ကြောင်းနှင့် GTG သည် ၂ဝ၁၇ ခုနှစ်က GTG -5 အမည်ရှိ လက်ဝှေ့ပွဲကို မန္တလေးမြို့၌ ကျင်းပခဲ့ပြီး တွဲဆိုင်း ၁ဝ ဆိုင်း ပါဝင် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

MK

Read 185 times Last modified on Monday, 20 August 2018 10:18