SJ WorldNews - шаблон joomla Авто

၂ဝ၁၈ မြန်မာဖူဆယ် လိဂ်ပြိုင်ပွဲ စတင်

Monday, 20 August 2018 10:18 font size decrease font size decrease font size increase font size increase font size

ရန်ကုန် သြဂုတ် ၁၉

MFF Myanmar Futsal League 2018ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့တွင် ရန်ကုန်မြို့ အမျိုးသား အားကစား ပြိုင်ပွဲရုံ (၁)၌ ကျင်းပသည်။

အဆိုပါဖွင့်ပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ စိုင်းဆမ်ထွန်းနှင့် အမှုဆောင် အဖွဲ့ဝင် ဦးမိုးဆန်းအောင်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးတင်မြင့်အောင်၊ မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင် ဥက္ကဋ္ဌ ဦးကြည်မင်းသိန်း၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်၊ စပွန်ဆာ ကုမ္ပဏီများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းက ''ဒီပြိုင်ပွဲကို Title Sponsor အဖြစ် ပံ့ပိုးပေးတဲ့ Myanmar Brewery Company ၊ Co- Sponsor အဖြစ် ပံ့ပိုးပေးတဲ့ 100PLUS နဲ့ PAN တို့ကို ကျေးဇူးတင် ပါတယ်။ ဒီလိုပံ့ပိုးမှု တွေကြောင့် ဖူဆယ်ပြိုင်ပွဲ တွေကို ၂ဝဝ၅ ခုနှစ်ကစပြီး စဉ်ဆက်မပြတ် ကျင်းပနိုင်ခဲ့ပြီး လက်ရွေးစင် ကစားသမား တွေကိုလည်း မွေးထုတ် ပေးနိုင်ခဲ့ပါတယ်''ဟု ပြောသည်။

ထို့နောက် MFF Myanmar Futsal League 2018 ပြိုင်ပွဲ၏ ပွဲစဉ် (၁) ပွဲစဉ်များကို ကျင်းပခဲ့ရာ ပွဲစဉ် (၁) အဖြစ် VUC အသင်းနှင့် Aung Moe Myint အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ VUC အသင်းက ကိုးဂိုးပြတ်ဖြင့် အနိုင် ရရှိကြောင်း သိရသည်။

တီတီ

Read 258 times Last modified on Monday, 20 August 2018 10:18