SJ WorldNews - шаблон joomla Авто

အသက် ၁၇ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ကျင်းပ

Monday, 20 August 2018 12:04 font size decrease font size decrease font size increase font size increase font size

တောင်ကြီး   သြဂုတ်  ၁၉

၂ဝ၁၈ ခုနှစ်  ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဖလား   ခရိုင်အလိုက်   အသက် ၁၇ နှစ် အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်   ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့  ညနေ ၃ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ ပြည်နယ် ဘောလုံးအားကစားကွင်း၌ ကျင်းပသည်။

ပြိုင်ပွဲတွင် တောင်ကြီးခရိုင် ဘောလုံးအသင်းနှင့် လွိုင်လင်ခရိုင် ဘောလုံးအသင်းတို့ ဗိုလ်လုပွဲယှဉ်ပြိုင် ကစားကြရာ တောင်ကြီးခရိုင် ဘောလုံးအသင်းက ၂ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။

ဆက်လက်၍ ဆုပေးအပ်ပွဲ ကျင်းပရာ တတိယဆုရရှိသော ကျောက်မဲခရိုင်အသင်းအား တစ်ဦးချင်းဆု တံဆိပ်နှင့် ဆုငွေကျပ် သုံးသိန်း၊ ဒုတိယဆုရရှိသော လွိုင်လင်ခရိုင် ဘောလုံးအသင်းအား တစ်ဦးချင်းဆု တံဆိပ်နှင့်  ဆုငွေကျပ် ငါးသိန်း၊  နေရာအလိုက် အကောင်းဆုံး ဘောလုံးအားကစားသမားဆု ရရှိသူများအား ဆုတံဆိပ်နှင့် ဆုငွေကျပ်ငါးသောင်းစီနှင့် ပထမဆုရရှိသော တောင်ကြီးခရိုင် ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ဆုငွေကျပ်ခုနစ်သိန်းနှင့် တံခွန်စိုက်ဆုဖလားတို့ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊  လွှတ်တော် ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူတို့က ဆုများအသီးသီး ပေးအပ်ကြသည်။

အဆိုပါဘောလုံးပြိုင်ပွဲတွင် ရှမ်းပြည်နယ်ရှိ ခရိုင်  ၁ဝ ခရိုင်မှ ပြိုင်ပွဲဝင်အသင်း ၁ဝ သင်းက သြဂုတ် ၆ ရက်မှစတင်၍ တောင်ကြီးမြို့ ပြည်နယ် အားကစားကွင်း၌  ယှဉ်ပြိုင် ကစားကြကြောင်း သိရသည်။ 

Read 201 times Last modified on Monday, 20 August 2018 12:05