SJ WorldNews - шаблон joomla Авто

လူငယ် ဘောလုံး ပွဲတော် နည်းပြ သင်တန်း ဖွင့်လှစ်

Monday, 03 September 2018 10:18 font size decrease font size decrease font size increase font size increase font size

မော်လမြိုင် စက်တင်ဘာ ၂

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် (MFF)မှ ကြီးမှူး၍ မြန်မာနေရှင်နယ်လိဂ်နှင့် MPT တို့၏ ပံ့ပိုးမှု၊ Myanmar Care ၏  ကူညီမှုတို့ဖြင့် စက်တင်ဘာ ၃ ရက်တွင် မော်လမြိုင်မြို့၌ ကျင်းပမည့် MFF-MPT Grassroots Football Festival 2018 (Mawlamyine) အတွက်  ကြိုတင်ပြင်ဆင်မှုအဖြစ် Grass-roots  Coaching Course (လူငယ်ဘောလုံး ပွဲတော်နည်းပြသင်တန်း)ကို မော်လမြိုင်မြို့ရှိ ဆောက်သမ်းမြန်မာ အသင်းအိမ်ကွင်း၌ စက်တင်ဘာ ၁ ရက်က စတင်ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါသင်တန်းသို့ မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကာယဆရာ၊ ဆရာမများ၊ မော်လမြိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ သင်တန်းသားများ၊ ပြည်နယ်ဘောလုံး ဆပ်ေ က်ာမတီမှ သင်တန်းသားများ၊ မြို့နယ်ဘောလုံး အဖွဲ့ချုပ် (TFA)မှ သင်တန်းသားများ၊ မော်လမြိုင် Old Stars မှ သင်တန်းသားများနှင့် ဘောလုံး အားကစား ဝါသနာရှင်များ တက်ရောက်ခဲ့ကြပြီး MFF Grassroots တာဝန်ခံ ဦးဘုန်း ညွန့်ကိုက စာတွေ့လက်တွေ့သင်ခန်း စာများကို ပို့ချပေးခဲ့သည်။

သင်တန်းကို နှစ်ရက်သာ ဖွင့်လှစ်ပြီး သင်တန်းသားများ အနေဖြင့် စက်တင်ဘာ ၃ ရက်တွင် ဆောက်သမ်း မြန်မာ အသင်းအိမ်ကွင်း၌ ကျင်းပမည့် MFF-MPT Grassroots  Football Festival 2018 တွင် နည်းပြများအဖြစ် ပြန်လည် တာဝန်ထမ်းဆောင်ကြမည် ဖြစ်ကြောင်း သိရသည်။

Read 172 times Last modified on Monday, 03 September 2018 10:27