SJ WorldNews - шаблон joomla Авто

မန်ယူနှင့် အာဆင်နယ် အသင်းတို့မှ ကစားသမားဟောင်းများ မြန်မာနိုင်ငံသို့ လာရောက်မည်

Monday, 03 September 2018 10:18 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  စက်တင်ဘာ ၂

အင်္ဂလန် ပရီးမီးယား လိဂ်ကလပ် မန်ချက် စတာယူနိုက်တက်နှင့် အာဆင်နယ်အသင်းတို့မှ နာမည်ကြီး ကစားသမားဟောင်းများသည် နိုဝင်ဘာ ၂၉ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်ကာ သရုပ်ပြဘောလုံးပွဲ အပါအဝင် ပရိသတ်နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။

''မန်ယူနဲ့ အာဆင်နယ် အသင်းကစားသမားဟောင်းတွေ ပြည်တွင်းကိုလာမှာပါ။ ဒါ ကြောင့် ဒီအစီအစဉ်ကို အကောင်အထည် ဖော်နေပါတယ်။ ဒီကစားသမားဟောင်းတွေ လာမယ့်အစီအစဉ်တွေ ထဲမှာ ပရိသတ်တွေနဲ့တွေ့မယ်၊ ဈေးဝယ်စင်တာတစ်ခုမှာ သရုပ် ပြ ဘောလုံးကစားမယ်၊ ပြီးရင် ပြိုင်ပွဲငယ်တစ်ခုကျင်းပပြီး ဖူဆယ်ပွဲကစားမယ်။ ဒါ့အပြင် တခြားအစီအစဉ်တွေလည်း ပါဝင်မှာဖြစ်ပါ တယ်''ဟု Chong Chin Su Yip ကုမ္ပဏီ မြန်မာပြည်မန်နေဂျာ  ဦးဟိန်းတေဇာက ပြောသည်။

အဆိုပါခရီးစဉ်တွင် မန်ယူကစားသမားဟောင်းများဖြစ်သည့် ဘာဘာတော့ဗ်၊ လူးဝစ် ဆာဟာ၊ ဝက်စ်ဘရောင်း၊ ဖော်ကျွန်းနှင့် ဆီဗတ်စတားတို့သာမက အာဆင်နယ် ကစား သမားဟောင်းများ ဖြစ်သည့် လောရင့်၊ ဝင်တာဘန်၊ ကနူး၊ အီဘိုယေးနှင့် ရောဘတ် ပီရက်စ်တို့လည်းပါဝင်ကာ မြန်မာနိုင်ငံ၌ လေးရက်ကြာမည်ဖြစ်သည်။

ယင်းကစားသမားများသည် မြန်မာပရိသတ်များနှင့် တွေ့ဆုံမည့်အပြင် မြန်မာ လူငယ် ကစားသမားများကိုလည်း ဘောလုံး နည်းစနစ်များ သင်ကြားပေးမည်ဖြစ်ပြီး Pro Football Tournament ပြိုင်ပွဲ တစ်ခု ကျင်းပရန်လည်း စီစဉ်ထားသည်။ ယင်းပြိုင်ပွဲမှ ချန်ပီယံ အသင်းသည် အဆိုပါ ကစားသမားဟောင်းများ ပါဝင်သည့်အသင်းနှင့် ယှဉ် ပြိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

Read 155 times Last modified on Monday, 03 September 2018 10:28