SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

အောက်တိုဘာလတွင် ယှဉ်ပြိုင်ကစားမည့် မြန်မာ့ လက်ရွေးစင် အသင်း ခြေစမ်းပွဲ အတွက် ရက်သတ်မှတ်

Monday, 03 September 2018 10:18 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  စက်တင်ဘာ ၂

၂ဝ၁၈ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အသင်း၏ အောက်တိုဘာလတွင် ယှဉ်ပြိုင်ကစားမည့် ခြေစမ်းပွဲများအတွက် ရက်များသတ်မှတ် လိုက်ပြီဖြစ်သည်။

မြန်မာ့လက်ရွေးစင် အသင်းသည် အောက်တိုဘာ ဒုတိယပတ်တွင် အာဖဂန်နစ္စတန်၊ အင်ဒိုနီးရှားအသင်းတို့နှင့် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ယင်းအသင်း သည် အောက်တိုဘာ ၉ ရက်တွင် အင်ဒိုနီးရှားအသင်းနှင့်အဝေးကွင်း၊ အောက်တိုဘာ ၁၄ ရက်တွင် အာဖဂန်နစ္စတန် အသင်းနှင့် အိမ်ကွင်းယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာ့ လက်ရွေးစင် အသင်းနှင့် အာဖဂန်နစ္စတန် အ သင်းတို့၏ ခြေစမ်းပွဲကို ရန်ကုန်မြို့ရှိ    သုဝဏ္ဏ အားကစားကွင်း၌ ကျင်းပမည်ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)သည် အောက်တိုဘာလတွင် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (FIFA) မှ သတ်မှတ်ထားသည့် နိုင်ငံတကာ ခြေစမ်းပွဲ ကစားမည့်ရက်တွင် ခြေစမ်း ပွဲနှစ်ပွဲ ယှဉ်ပြိုင် ကစားခြင်း ဖြစ်ပြီး ဆူဇူကီးဖလားပြိုင်ပွဲ၌ အုပ်စုပွဲစဉ်များကို အိမ်ကွင်း၊ အဝေးကွင်းကစားရမည် ဖြစ်သည့်အတွက် မြန်မာ့လက်ရွေးစင် အသင်းအနေဖြင့် ခြေစမ်းပွဲများကိုလည်း အိမ်ကွင်း၊ အဝေး ကွင်းယှဉ်ပြိုင် ကစားခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင် အသင်းသည် အောက်တိုဘာ ၁ ရက်မှစ၍ လေ့ကျင့်မှုများ ပြုလုပ် မည်ဖြစ်ကာ ရန်ကုန်မြို့၌ ရက်ပိုင်းသာ လေ့ကျင့်ပြီး အောက်တိုဘာ ၇ ရက်တွင် အင်ဒိုနီးရှား အသင်းနှင့် ခြေစမ်းရန် အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အသင်းသည် ဆူဇူကီးဖလား ပြိုင်ပွဲအတွက် တစ်လကျော် ပြင်ဆင် ချိန်ရမည်ဖြစ်ပြီး အာဖဂန်နစ္စတန်အသင်းနှင့် ခြေစမ်းပွဲပြီးပါက ကာတာနိုင်ငံသို့ တစ်ပတ် ကျော်သွားရောက် လေ့ကျင့်မည်ဖြစ်သည်။ ယင်းနောက် ကာတာခြေစမ်း ခရီးစဉ်တွင် ခြေစမ်းပွဲနှစ်ပွဲ သို့မဟုတ် သုံးပွဲကစားမည်ဖြစ်ကာ အောက်တိုဘာလကုန်တွင် ပြန်လည် ရောက်ရှိမည်ဖြစ်သည်။

Read 203 times Last modified on Monday, 03 September 2018 10:28