SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ခြေစမ်းပွဲတွင် ဟံသာဝတီ ယူနိုက်တက် အသင်းကို ရခိုင်ယူနိုက်တက် အသင်း ရှုံးနိမ့်

Monday, 03 September 2018 10:18 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  စက်တင်ဘာ ၂

မြန်မာနေရှင်နယ်လိဂ် လက်ကျန်ပွဲစဉ်များအတွက်  ပြင်ဆင်မှုအဖြစ် ယမန်နေ့ ညနေ  ၃ နာရီခွဲက အမျိုးသားဘောလုံး အကယ်ဒမီ(ရန်ကုန်) မြက်ခင်းတုကွင်း၌ ဟံသာဝတီ ယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ ခြေစမ်းပွဲယှဉ်ပြိုင်ခဲ့ရာ  ဟံသာ ဝတီယူနိုက်တက်အသင်းက ၃ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ပထမပိုင်းတွင် ရခိုင်ယူနိုက်တက် အသင်းက မြန်မာ ယူ-၂၁ အသင်း၌ရွေးချယ်ခံ ထားရသော ဂိုးသမား စိုးအာကာမှလွဲ၍ ငြိမ်းချမ်း၊ ကလစ်ဖို့ဒ်၊ လှအေးထွေး၊ ဇော်ဝင်း၊ ဆန်းဒေးစသည့် အဓိက ကစားသမားများဖြင့် ပွဲထွက်ခဲ့ပြီး ဟံသာဝတီယူနိုက်တက် အသင်းတွင်လည်း တိုက်စစ်မှူး ဂျိုးဇက်ပါဝင်နိုင်ခြင်း မရှိသော်လည်း မင်းကိုသူ၊ ရွှေလှိုင်ဝင်း၊ မာ့ခ်၊ ကျော်နိုင်မြင့်၊ မိုက်ကယ် စသည့် ပုံမှန် ပွဲထွက် ကစားသမားများဖြင့် က စားခဲ့ကာ နှစ်သင်းစလုံး တိုက်စစ်ဖွင့် ကစားခဲ့ကြသည်။

ရခိုင်ယူနိုက်တက် အသင်းအတွက် တိုက်စစ်မှူး ဆန်းဒေး၊ ကောင်းမြတ်ကျော် အတွဲက ပထမပိုင်းတွင် ပြိုင်ဘက်နောက်တန်းကို ဖိအားပေးနိုင်ခဲ့ပြီး ၂၂ မိနစ်တွင် ထောင့် ကန် ဘောမှတစ်ဆင့် နောက်ခံကစားသမား ကလစ်ဖို့ဒ်၏ ခေါင်းတိုက်သွင်းဂိုးဖြင့် ပွဲကို ဦး ဆောင်ခဲ့သော်လည်း ပွဲချိန် မိနစ် ၄ဝ တွင် အလွတ်တည်ကန်ဘောမှ တစ်ဆင့် ဟံသာဝတီ ယူနိုက်တက်အသင်း တိုက်စစ်မှူး မာ့ခ်ဆာကီက ချေပဂိုးရယူခဲ့သည်။

ဒုတိယပိုင်းတွင် နှစ်သင်းစလုံးကစားသမား လဲလှယ်မှုများ အသီးသီးပြုလုပ်ခဲ့ပြီး ရခိုင် ယူနိုက်တက်အသင်းမှ တိုက်စစ်မှူး ဆန်းဒေး၊ နောက်ခံ ကစားသမား ငြိမ်းချမ်း၊ နေမျိုး အောင်တို့မှလွဲ၍ တစ် သင်းလုံးနီးပါးကို လူငယ်ကစားသမားများဖြင့် အစားထိုး ယှဉ်ပြိုင် ကစားခဲ့သည်။ ပွဲစဉ်ဒုတိယပိုင်းတွင် ဟံသာဝတီ ယူနိုက်တက်အသင်းက ပိုမိုဖိအားပေး လာနိုင်ပြီး ပွဲချိန် ၄၉ မိနစ်နှင့် မိနစ် ၅ဝ တို့တွင် နောက်ခံကစားသမား မင်းကိုသူနှင့် တိုက်စစ်မှူးမာ့ခ်တို့က အနိုင်ဂိုးများ ထပ်မံသွင်းယူခဲ့ပြီး ကစားကွက် ပြောင်းလဲကာ ပွဲကို ထိန်းကစားခဲ့သဖြင့် ပွဲပြီးဆုံးချိန်တွင် ဟံသာဝတီ ယူနိုက်တက် အသင်းက   ၃ ဂိုး- ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ယခုခြေစမ်းပွဲသည် ရခိုင်ယူနိုက်တက် အသင်းအတွက် တတိယမြောက်ခြေစမ်းပွဲ ဖြစ် ပြီး ပထမပွဲတွင် မြန်မာ ယူ-၁၆ အသင်း ကို ၄ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့ကာ ဒုတိယ ခြေစမ်းပွဲတွင် ရန်ကုန် ယူနိုက်တက် အသင်းကို ၂ ဂိုး-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ရခိုင် ယူနိုက်တက် အသင်းသည် စက်တင်ဘာ ၁၄ ရက် တွင် MNL ပွဲစဉ်အဖြစ်  ရှမ်းယူနိုက်တက်အသင်းနှင့် သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

Read 219 times Last modified on Monday, 03 September 2018 10:30