SJ WorldNews - шаблон joomla Авто

တရုတ် ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ရန် မြန်မာ ယူ-၂၁ အသင်း တရုတ်နိုင်ငံသို့ ထွက်ခွာ

Monday, 03 September 2018 10:18 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  စက်တင်ဘာ ၂

တရုတ်နိုင်ငံ၌ ကျင်းပမည့် CFA U-21 Men International Football Tournament 2018 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင် ယူ-၂၁ အသင်းသည် အပြီး သတ်ကစားသမား ၂၂ ဦးဖြင့် ယနေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တရုတ်နိုင်ငံသို့ ထွက်ခွာသွားသည်။

မြန်မာ့လက်ရွေးစင် ယူ-၂၁ အသင်းတွင် ဂိုး စိုးအာကာ၊ အေဇင်မှူး၊ အောင်မျိုးထွေး၊ နောက်တန်း ကျော်မျိုးနိုင်၊ စိုးကိုကို၊ ကျော်သက်ဦး၊ ဟိန်းထက်စည်သူ၊ ဇင်ရဲနောင်၊ ဇွဲခန့်မင်း၊ သက်ပိုင်ထွေး၊ ဇွဲထက်မင်း၊ အလယ်တန်း ဇော်မင်းမောင်၊ သက်အောင်၊ အောင်နိုင်ဝင်း၊ မင်းကိုကို၊ နန်းထိုက်ဇော်၊ ကျော်ဇေယျ၊ အာကာ၊ အောင်ဇော်မြင့်၊ ဇော်မိုးအောင်၊ ရှေ့တန်း ချမ်းငြိမ်းနှင့် ထက်အာကာလင်းတို့ ပါဝင်ကြကြောင်း သိရသည်။

မြန်မာ ယူ-၂၁ အသင်းတွင် ကစားသမား ၂၂ ဦးနှင့် အုပ်ချုပ်သူ၊ နည်းပြအဖွဲ့ ရှစ်ဦး လိုက်ပါသွားပြီး ပြိုင်ပွဲဝင် ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ နည်းပြချုပ် ဦးကြည်လွင် တာဝန်ယူထားသော မြန်မာ ယူ-၂၁ အသင်းသည် ယင်းပြိုင်ပွဲအတွက် ကြိုတင်ပြင် ဆင်မှုအနေဖြင့် ပြည်တွင်း ကလပ်အသင်းများနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားခဲ့သည်။

ယင်းပြိုင်ပွဲတွင် အိမ်ရှင်တရုတ် ယူ-၂၁ အသင်းအပါအဝင် မြန်မာ ယူ-၂၁၊ ဥဇဘတ် ကစ္စတန်  ယူ-၂၁ နှင့် တာဂျစ်ကစ္စတန် ယူ-၂၁ အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး လေးသင်းအုပ်စု ပတ်လည် ကျင်းပမည် ဖြစ်သည်။ မြန်မာ ယူ-၂၁ အသင်းအနေဖြင့် အဖွင့်ပွဲကို စက်တင်ဘာ ၄ ရက်တွင် တရုတ် အသင်းနှင့် စတင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး စက်တင်ဘာ ၆ ရက်တွင် ဥဇဘတ်ကစ္စတန်၊ စက်တင်ဘာ ၈ ရက်တွင် တာဂျစ်ကစ္စတန် အသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

Read 310 times Last modified on Monday, 03 September 2018 10:30