SJ WorldNews - шаблон joomla Авто

အာရှယူ -၁၆ ခြေစစ်ပွဲ မလေးရှား အသင်းနှင့် အဖွင့်ပွဲစဉ်တွင် မြန်မာအသင်း ရလဒ် ကောင်း မည်ဟု ယုံကြည်

Wednesday, 19 September 2018 10:40 font size decrease font size decrease font size increase font size increase font size

ရန်ကုန် စက်တင်ဘာ ၁၈

နီပေါနိုင်ငံ၌ အိမ်ရှင်အဖြစ် ကျင်းပသည့် AFC U-16 Women Championship 2019 Qualifiers အာရှခြေစစ်ပွဲ ပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၆ အသင်းအနေဖြင့် စက်တင်ဘာ ၁၉ ရက်တွင် မလေးရှား ယူ-၁၆ အသင်းနှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်ပြီး ရလဒ်ကောင်းရရှိရန် ယုံကြည်ကြောင်း နည်းပြချုပ် ဒေါ်စန်းစန်းသိန်းထံမှ သိရသည်။

''ဒီပြိုင်ပွဲက အာရှအဆင့် ပြိုင်ပွဲဖြစ်တဲ့အတွက် ခက်ခဲမှာပါ။ ဒါပေမဲ့ ခြေစစ်ပွဲအောင်ဖို့ အစွမ်းကုန် ကြိုးစားမှာပါ။ မလေးရှား အသင်းနဲ့ ပထမဆုံးအုပ်စု အဖွင့်ပွဲမှာလည်း ရလဒ်ကောင်း ရမယ်လို့ ယုံကြည်ပါတယ်။

ဒီအတွက် တစ်သင်းလုံး ကြိုးစားနေကြပါတယ်''ဟု ဒေါ်စန်းစန်းသိန်းက ပြောသည်။ မြန်မာယူ-၁၆ အမျိုးသမီး အသင်းသည် ကစားသမား ၂ဝ ဦးဖြင့် နီပေါနိုင်ငံသို့ ယမန်နေ့နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာခဲ့ပြီး နေ့လယ်ပိုင်းတွင် ရောက်ရှိခဲ့သည်။ မြန်မာယူ-၁၆ အမျိုးသမီးအသင်းသည် နီပေါနိုင်ငံ၌ ကျင်းပမည့် AFC U-16 Women Championship 2019 Qualifiers ပြိုင်ပွဲတွင် အုပ်စုအတွင်း၌ အိမ်ရှင်နီပေါ၊ မလေးရှား၊ ဖိလစ်ပိုင် အသင်းတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် စက်တင်ဘာ ၁၉ ရက်တွင် မလေးရှား၊ ဒုတိယပွဲစဉ်အဖြစ် စက်တင်ဘာ ၂၁ ရက်တွင် နီပေါ၊ အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် စက်တင်ဘာ ၂၃ ရက်တွင် ဖိလစ်ပိုင် အသင်းတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

အာရှခြေစစ်ပွဲဝင်မည့် မြန်မာယူ-၁၆ အမျိုးသမီးအသင်း ကစားသမား စာရင်းတွင် ဂိုး စိမ်းလဲ့လဲ့ဦး၊ ခင်မြတ်မိုး၊ ပိုးဥ၊ နောက်တန်း မေသက်မွန်မြင့်၊ ဖူးဖူးဇင်ဇော်၊ လာအယ်ဝါး၊ အလယ်တန်း မေသွယ်ကို၊ ဇင်မာထွေး၊ ဆောင်းနှင်းဖွေး၊ ဖြူဖြူဝင်း၊ ပုံပုံပြည့်မောင်၊ ကေကေ၊ ရတနာဦး၊ ဝင်းဝင်း၊ ဝေပိုးအိမ်၊ ရှေ့တန်း ဂျူလိုင်ချာ၊ ထက်ထက်ဝင်း၊ စုပြည့်ပြည့်ကျော်၊ ဆွေမာအောင်နှင့် မြတ်နိုးခင်တို့ ပါဝင်သည်။ တီတီ

Read 70 times Last modified on Wednesday, 19 September 2018 10:41