SJ WorldNews - шаблон joomla Авто

ပရီးမီးယားလိဂ် နွေဈေးကွက် သြဂုတ်လကုန် အထိ ပြန်ပြောင်း စေလို

Monday, 24 September 2018 10:22 font size decrease font size decrease font size increase font size increase font size

မန်ချက်စတာ စက်တင်ဘာ ၂၃

ပြီးခဲ့သည့် ပရီးမီးယားလိဂ် အပြောင်းအရွှေ့ဈေးကွက်ကို သြဂုတ် ၉ ရက်တွင် ပိတ်သိမ်းခဲ့ရာ ဈေး ကွက်ယှဉ်ပြိုင် ရာတွင်  နိမ့်ပါးခဲ့ခြင်း ကြောင့်  မန်ယူအပါအဝင်  ပရီးမီး ယားလိဂ် ထိပ်တန်းလေးသင်းက ထို ဈေးကွက်ကို  သြဂုတ်လ ကုန်အထိ ယခင်အတိုင်းပြန်ဖွင့်ပေးရန် တောင်း ဆိုမည်ဖြစ်သည်။ 

မကြာမီကျင်းပမည့် ပရီးမီးယား လိဂ်အသင်းများ တစ်လတာ အစည်း အဝေးပွဲတွင် ထိပ်တန်း အသင်းကြီး များ သည် တခြားလိဂ်များက သြဂုတ် လကုန်အထိ    ဈေးကွက်ဖွင့်ခြင်း ကြောင့်   မိမိတို့အတွက်  နစ်နာရကြောင်း၊ ဥပမာ အားဖြင့် ချယ်လ်ဆီး  အသင်းမှ ဟာဇက်ကို   ရီးယဲလ် အသင်းက သြဂုတ် ၉ ရက်နောက်ပိုင်းတွင် ခေါ်ယူနိုင် ပါက အစားထိုး ခေါ်ယူခွင့်မရှိတော့သောကြောင့် များစွာ  နစ်နာရမည်ဖြစ်ကြောင်း၊ ကစားသမား ရောင်းချခြင်းမှ အကျိုး အမြတ်ရလိုသည့် ကလပ်များအတွက်လည်း ရောင်းချချိန်တိုတောင်းခြင်းကြောင့် ဝယ်ယူ လိုသည့် အသင်းများက ချင့်ချိန်နေချိန်တွင် ဈေးကွက်ပိတ်သွားသဖြင့် နစ်နာရသဖြင့် တင်ပြ တောင်းဆိုမည်ဖြစ်ကြောင်း   သိရသည်။ 

Read 36 times Last modified on Monday, 24 September 2018 10:22