SJ WorldNews - шаблон joomla Авто

မြန်မာနှင့် အင်ဒိုနီးရှားအသင်း ခြေစမ်းပွဲတွင် အောင်သူ လာရောက် ပူးပေါင်း

Thursday, 11 October 2018 12:34 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  အောက်တိုဘာ  ၁ဝ

ထိုင်းကလပ် Police Tero ၏ ပွဲစဉ်တစ်ပွဲတွင် လက်ကျိုးခဲ့သော အောင်သူသည် မြန်မာ့လက်ရွေးစင် အသင်းနှင့် အင်ဒိုနီးရှားအသင်း ခြေစမ်းပွဲတွင် မြန်မာ့လက်ရွေးစင် အသင်းနှင့် လာရောက် ပူးပေါင်းခဲ့ကြောင်း သိရသည်။

အောင်သူသည် လက်ကျိုးသည့် ဒဏ်ရာကြောင့် အနည်းဆုံး တစ်လခန့် အနားယူရန် လိုအပ်သော်လည်းအင်ဒိုနီးရှားနိုင်ငံသို့ရောက်ရှိနေသော မြန်မာ့လက်ရွေးစင် အသင်းနှင့် ယနေ့တွင် ပူးပေါင်းပါဝင်ခဲ့ခြင်း ဖြစ်သည်။အောင်သူသည် မြန်မာ့လက်ရွေးစင် အသင်း ၏အားထားရသော တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး နည်းပြသစ် လက်ထက်တွင် ကလပ်အသင်း၏ ပွဲစဉ်များကြောင့်  အာရှဖလားပြိုင်ပွဲ၌သာ လက်ရွေးစင်အသင်းနှင့်အတူ ခြေစွမ်းပြ ကစားခဲ့သည်။ မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် အန်တွမ်နီဟေး အနေဖြင့် အောက်တိုဘာ  ၁၃  ရက်တွင် ကစားမည့် ဘိုလီဗီးယားအသင်းနှင့် ပွဲစဉ်တွင်လည်း အောင်သူကို ပွဲထွက် ကစားစေလိုသည်။

ထို့ကြောင့်  အောင်သူ၏ လက်ဒဏ်ရာ အခြေအနေကို စောင့်ကြည့်ကာ လက်ရွေးစင် ကစားသမားစာရင်းတွင် ထည့်သွင်းထားခြင်း ဖြစ်သည်။ လက်ရှိတွင် အောင်သူသည် ထိုင်းကလပ် Police Tero ၌ကစားနေသော မြန်မာ့ လက်ရွေးစင် ကစားသမား တစ်ဦးဖြစ်သည်။  

Read 31 times Last modified on Thursday, 11 October 2018 12:35