SJ WorldNews - шаблон joomla Авто

ထိုင်းနိုင်ငံ၌ ကျင်းပသည့် အလေးမပြိုင်ပွဲတွင် မြန်မာ အားကစားအဖွဲ့ ရွှေတံဆိပ် တစ်ခုနှင့် ငွေတံဆိပ်သုံးခု ရရှိထား

Friday, 12 October 2018 10:25 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  အောက်တိုဘာ  ၁၁

ထိုင်းနိုင်ငံ  ဗန်ကောက်မြို့၌  ကျင်းပလျက်ရှိသည့် 2nd EGAT King's CUP 2018 အလေးမပြိုင်ပွဲ ယနေ့ယှဉ်ပြိုင်မှု အပြီးတွင် မြန်မာအားကစား အဖွဲ့က ရွှေတံဆိပ်တစ်ခုနှင့် ငွေတံဆိပ်သုံးခု ရရှိထားပြီး    ပြိုင်ပွဲများ ဆက်လက် ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲပထမနေ့ဖြစ်သည့် အောက်တိုဘာ ၁ဝ  ရက်တွင်  မြန်မာအားကစားအဖွဲ့က ရွှေတံဆိပ်တစ်ခု ရရှိထားပြီး   ယနေ့ဒေသစံတော်ချိန် ညနေ ၃ နာရီတွင်ကျင်းပသည့် ဒုတိယနေ့ပြိုင်ပွဲများ အပြီး၌ ငွေတံဆိပ်သုံးခု ထပ်မံ ရရှိခဲ့ခြင်းဖြစ်သည်။

ယနေ့ယှဉ်ပြိုင်မှုတွင် အမျိုးသား ၆၂ ကီလိုတန်း ပြိုင်ပွဲ၌  နိုင်ငံပေါင်းခုနစ်နိုင်ငံမှ  ကစားသမား ၂၂ ဦး ဝင်ရောက် ယှဉ်ပြိုင်ရာ မြန်မာကစားသမား ကောင်းဆက်နိုင်က နှစ်ဆင့်မတွင် ငွေတံဆိပ်တစ်ခုရရှိခဲ့သည်။ ယင်းပြိုင်ပွဲတွင်  အမြန်မ ၁၂ဝ ကီလို+နှစ်ဆင့်မ ၁၅ဝ ကီလို စုစုပေါင်းစံချိန် ၂၇ဝ ဖြင့် အင်ဒိုနီးရှားကပထမ၊ အမြန်မတွင် ၁၁၃ ကီလိုနှင့်နှစ်ဆင့်မတွင် ၁၃၇ ကီလို စုစုပေါင်းစံချိန် ၂၅ဝ ကီလိုဖြင့် အင်ဒိုနီးရှားနှင့် အမြန်မတွင် ၁ဝ၈ ကီလိုနှင့် နှစ်ဆင့်မတွင် ၁၄ဝ ကီလို စုစုပေါင်းစံချိန် ၂၄၈ ကီလိုဖြင့် မြန်မာတို့က ပူးတွဲဒုတိယနှင့် အမြန်မတွင် ၁၁ဝ ကီလိုနှစ်ဆင့်မတွင် ၁၃၈ ကီလို စုစုပေါင်းစံချိန် ၂၄၈ ဖြင့် ထိုင်းက တတိယ ရရှိခဲ့ခြင်းဖြစ်သည်။

ထို့အတူ အမျိုးသမီး ၅၃ ကီလိုတန်းပြိုင်ပွဲတွင် ပြည့်ပြည့်ဖြိုးက အမြန်မ စံချိန် ၇၃ ကီလို၌ ငွေတံဆိပ်တစ်ခုနှင့် နှစ်ဆင့်မ ၉ဝ ကီလို စုစုပေါင်းစံချိန် ၁၆၃ ကီလို၌ ငွေတံဆိပ်တစ်ခု ဒုတိယရရှိခဲ့ပြီး ယင်းပြိုင်ပွဲတွင် အမြန်မ ၇၆ ကီလိုနှင့်နှစ်ဆင့်မ ၉၆ ကီလို စုစုပေါင်းစံချိန် ၁၇၂ ကီလိုဖြင့် ထိုင်းကပထမ၊ အမြန်မ ၇၂ ကီလိုနှင့် နှစ်ဆင့်မ ၉ဝ ကီလို စုစုပေါင်း ၁၆၂ ကီလိုဖြင့် ထိုင်းက တတိယရရှိခဲ့သည်။

မြန်မာအလေးမ အားကစားအဖွဲ့သည် အောက်တိုဘာ ၁၅ ရက်တွင် နောက်ဆုံးပြိုင်ပွဲအဖြစ် အမျိုးသား+၁ဝ၅ ကီလိုအထက်တန်း ပြိုင်ပွဲတွင် မြန်မာကစားသမား ရန်မျိုးကျော် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

Read 18 times Last modified on Friday, 12 October 2018 10:26