SJ WorldNews - шаблон joomla Авто

အသက် ၁၉ နှစ်အောက် ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များတွင် တနင်္သာရီနှင့် မန္တလေးတိုင်း ဒေသကြီး အသင်းတို့ အနိုင်ရရှိ

Friday, 12 October 2018 10:31 font size decrease font size decrease font size increase font size increase font size

နေပြည်တော် အောက်တိုဘာ ၁၁

တိုင်းဒေသကြီးနှင့်ပြည်နယ်  အသက် ၁၉ နှစ်အောက် ဘောလုံးပြိုင်ပွဲ  အုပ်စုပွဲစဉ်များကို ယနေ့နံနက် ၇ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ဆက်လက်ကျင်းပရာ တနင်္သာရီတိုင်းဒေသကြီး အသင်းနှင့် မန္တလေးတိုင်းဒေသကြီး အသင်းတို့ နိုင်ပွဲရရှိခဲ့ကြောင်း သိရသည်။

ဝဏ္ဏသိဒ္ဓိအားကစားကွင်း အမှတ်(၃)၌ ယှဉ်ပြိုင်သည့်   တနင်္သာရီတိုင်းဒေသကြီး အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီး အသင်းတို့ ပွဲစဉ်တွင် တနင်္သာရီတိုင်းဒေသကြီး အသင်းက   ဧရာဝတီတိုင်းဒေသကြီး အသင်းကို ၄ ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိသည်။

ညနေ ၃ နာရီခွဲတွင်  ဝဏ္ဏသိဒ္ဓိအားကစား ကွင်း အမှတ်(၁)၌ ယှဉ်ပြိုင်သည့် ရန်ကုန် တိုင်းဒေသကြီးအသင်းနှင့်  မွန်ပြည်နယ် အသင်းတို့ပွဲစဉ်တွင် တစ်ဂိုးစီသရေဖြင့် ပြီးဆုံး ခဲ့သည်။

အလားတူဝဏ္ဏသိဒ္ဓိ အားကစားကွင်း အမှတ်(၃)၌ယှဉ်ပြိုင်သည့် မန္တလေးတိုင်း ဒေသကြီးအသင်းနှင့် နေပြည်တော်အသင်းတို့ ပွဲစဉ်တွင် မန္တလေးတိုင်းဒေသကြီး အသင်းက နေပြည်တော် အသင်းကို ၄ ဂိုး-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဘောလုံးပြိုင်ပွဲ၏ အုပ်စုပွဲစဉ်များ အဖြစ် အောက်တိုဘာ ၁၂ ရက်(ယနေ့)တွင်  ညနေ ၃ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစား ကွင်းအမှတ်(၁)၌ ပဲခူးတိုင်းဒေသကြီး အသင်းနှင့် ကယားပြည်နယ်အသင်း၊ ဝဏ္ဏသိဒ္ဓိအားကစား ကွင်းအမှတ်(၃)၌ ရှမ်းပြည်နယ် အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။

Read 26 times Last modified on Friday, 12 October 2018 10:32