SJ WorldNews - шаблон joomla Авто

မြန်မာပရိသတ်အတွက် ဂုဏ်ယူစရာပျော်ရွှင်မှုများ ယူဆောင်ပေးမည် ဖြစ်ကြောင်း အောင်လအန်ဆန် ဖွင့်ဟ

Friday, 12 October 2018 14:02 font size decrease font size decrease font size increase font size increase font size

ရန်ကုန် အောက်တိုဘာ  ၁၁

ရန်ကုန်မြို့သုဝဏ္ဏ အမျိုးသား အားကစားရုံ(၁)၌   အောက်တိုဘာ ၂၆ ရက်တွင် မစ်ဒယ်ဝိတ်တန်း ချန်ပီယံလု ပွဲစဉ်အဖြစ် လက်ဘနွန်နိုင်ငံသား မိုဟာမက်ကာရာကီနှင့် ယှဉ်ပြိုင်ရမည့် ပွဲစဉ်အတွက်  မြန်မာပရိသတ်များ ဂုဏ်ယူနိုင်စေရန် အစွမ်းကုန် လေ့ကျင့်နေကြောင်း အောင်လအန်ဆန်က ပြောသည်။

''ကျွန်တော့်ရဲ့ပွဲတိုင်းမှာ စိတ်ရောကိုယ်ပါ နှစ်ပြီးအားပေးကြတဲ့ မြန်မာနိုင်ငံက ပရိသတ်တွေနဲ့   မကြာခင်ပြန်တွေ့ရတော့မယ်။ ဒီပွဲအတွက်    အကြိမ်ကြိမ်ပြောခဲ့သလို အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ အောက်တိုဘာ ၂၆ ရက် ညနေမှာ  ပြန်ဆုံမယ်။ ကျွန်တော် လက်ရှိမှာ အပြင်းအထန်လေ့ကျင့်နေပါတယ်။ရက်ပိုင်းသာလိုတော့တဲ့ အချိန်မှာ One Championship ရဲ့ ကစားကွင်းထဲ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ပြန်ကစားရဦးမှာပါ။    မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ မြန်မာပရိသတ်တွေ အတွက် ကိုယ်စားပြုပြီး ပြိုင်ရတာ ဂုဏ်ယူပါတယ်။ ဒီပြိုင်ပွဲမှာ ကျွန်တော့်ရဲ့ပရိသတ်တွေ၊မိသားစုတွေ၊ သူငယ်ချင်း မိတ်ဆွေတွေအတွက် ဂုဏ်ယူစရာတွေနဲ့ ပျော်ရွှင်မှုတွေ ယူလာပေးပါမယ်'' ဟု အောင်လအန်ဆန်က ပြောသည်။

အောင်လအန်ဆန်သည် ၂ဝ၁၇ ခုနှစ် ဇွန်လက မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ရယူနိုင်ကာ တစ်နှစ်အကြာ အဆိုပါ ချန်ပီယံဆု ကာကွယ်ပွဲတွင် ဂျပန်နိုင်ငံသား ကန်ဟာဆီဂါဝါကို အနိုင်ယှဉ်ပြိုင်နိုင်ခဲ့သည်။ ၎င်းသည် ဖေဖော်ဝါရီလက အလက်ဇန္ဒားမာချာဒိုကို အနိုင်ရ၍  လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ရရှိသောကြောင့် ဝိတ်တန်းနှစ်တန်း၏ ကမ္ဘာ့ချန်ပီယံဖြစ်လာသည်။

ယခုယှဉ်ပြိုင်မည့် လက်ဘနွန်နိုင်ငံသား ကာရာကီသည်လည်း တိုက်ခိုက်ရေးသမား ဘဝတွင် ရှုံးပွဲမရှိဘဲ ကိုးပွဲစလုံး အနိုင်ရရှိထားကာ One Championship အမည်မတိုင်မီ Desert Force အမည်ဖြင့် ကျင်းပစဉ်က ဝိတ်တန်းနှစ်တန်း ၏ ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့သူဖြစ်ကြောင်း သိရသည်။

အက်စ်တီ

Read 32 times Last modified on Friday, 12 October 2018 14:03