SJ WorldNews - шаблон joomla Авто

သင်ယူစရာများ ရှိနေကြောင်း နည်းပြချုပ် အန်တွမ်နီဟေး သုံးသပ်

Friday, 12 October 2018 14:08 font size decrease font size decrease font size increase font size increase font size

ရန်ကုန် အောက်တိုဘာ ၁၁

အင်ဒိုနီးရှားလက်ရွေးစင် အသင်းနှင့် မြန်မာ့လက်ရွေးစင် အသင်း၏  ဆူဇူကီးဖလား ပြိုင်ပွဲကြိုခြေစမ်းပွဲကို  ယမန်နေ့က အင်ဒိုနီးရှားနိုင်ငံ၌ ယှဉ်ပြိုင်ကစားရာ မြန်မာ့လက်ရွေးစင် အသင်းသည်   ပထမပိုင်းသွင်းဂိုးများဖြင့် သုံးဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်း နည်းပြ အန်တွမ်နီဟေးက ငယ်ရွယ်သည့် လက်ရွေးစင် ကစားသမားများ ရွေးချယ်ခေါ်ယူလာ၍ သင်ယူစရာများ ရှိနေသေးကြောင်းနှင့် ပြင်ဆင်ချိန် တစ်လကျန်နေသဖြင့် အသင်းပိုမို တိုးတက်ကောင်းမွန် လာမည်ဖြစ်ကြောင်း ပြောသည်။

''အနိုင်ရသွားတဲ့ အင်ဒိုနီးရှားအသင်းကို ဦးစွာ ချီးကျူးစကား ပြောလိုပါတယ်။ ပထမပိုင်းမှာ   အခွင့်အရေးနှစ်ကြိမ်လောက်ရပေမယ့်  ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ပါဘူး။ ဒုတိယပိုင်းကတော့ ပျင်းစရာကောင်းခဲ့ပါတယ်။ အသင်းမှာ လူငယ်တွေကို နေရာပေးပြီး  ဗဟိုနောက်ခံ ကစားသမားတစ်ယောက်ဆိုရင်  အသက် ၁၉ နှစ်ပဲ ရှိပါသေးတယ်။

ဂိုးသမားဆိုရင်လည်း  သူ့ရဲ့ပထမဆုံးပွဲဦးထွက် ဖြစ်ပါတယ်။ အသင်းမှာပါတဲ့ ကစားသမားတွေရဲ့ အသက်တွေက  အရမ်းငယ်တယ်။ ကစားသမားတွေကို အပြစ်မတင်လိုပါဘူး။ ဒီလိုပဲ  အမြဲတမ်း သင်ယူနေရတာပါပဲ။ ဆူဇူကီးဖလား ပြိုင်ပွဲအတွက် ပြင်ဆင်ချိန် တစ်လလောက်ရှိပါသေးတယ်။ ဒီထက်ပိုကောင်းလာမှာပါ။ ဒီလိုဖြစ်အောင်လည်း ကြိုးစားသွားမယ်'' ဟု အန်တွမ်နီဟေး ကပြောသည်။   

Read 27 times Last modified on Friday, 12 October 2018 14:09