SJ WorldNews - шаблон joomla Авто

နည်းပြလိုင်စင် ကန့်သတ်ချက်မပြောင်းလဲ၍ နည်းပြချုပ် ဦးမျိုးမင်းထွန်း အာရှပွဲစဉ်များ အားလုံး ကိုင်တွယ်ခွင့်ရ

Friday, 12 October 2018 14:12 font size decrease font size decrease font size increase font size increase font size

ရန်ကုန် အောက်တိုဘာ ၁၁

AFC ၏ နည်းပြလိုင်စင် ကန့်သတ်ချက် မပြောင်းလဲသည့်အတွက် ရန်ကုန်ယူနိုက်တက် အသင်းနည်းပြချုပ် ဦးမျိုးမင်းထွန်းသည် ရန်ကုန်ယူနိုက်တက် အသင်း၏ AFC ပွဲစဉ် အားလုံးကို ကိုင်တွယ်ခွင့်ရမည်ဖြစ်သည်။

AFC သည် ယခင်က လာမည့်ရာသီတွင် ပရော်ဖက်ရှင်နယ် လိုင်စင်သတ်မှတ်ချက် ပြောင်းလဲမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သောကြောင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် က AFC ထံ တောင်းဆိုမှုပြုလုပ်ခဲ့သည့် အတွက်   ယင်းအစီအစဉ်များ အားလုံးကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

'' AFC  က အစီအစဉ်တွေ အားလုံးကို ရပ်ဆိုင်းထားတာကြောင့် လာမယ့်ရာသီမှာ ရန်ကုန်ယူနိုက်တက် အသင်းရဲ့ ပွဲစဉ်အားလုံးကို (A) လိုင်စင် ကိုင်ဆောင်ထားတဲ့ ဦးမျိုးမင်းထွန်းကပဲ ကိုင်တွယ်မှာပါ'' ဟု အဆိုပါ အသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ရန်ကုန်ယူနိုက်တက် အသင်းသည် အာရှချန်ပီယံလိဂ်ပွဲစဉ်များကို  ခြေစစ်ပွဲမှတစ်ဆင့် ဝင်ရောက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ၂ဝ၁၉ ဘောလုံးရာသီတွင်လည်း ACL နှင့် AFC ပြိုင်ပွဲများသို့ မြန်မာနိုင်ငံမှ ရန်ကုန်ယူနိုက်တက် အသင်းနှင့် ရှမ်းယူနိုက်တက် အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရထားကြောင်း သိရသည်။

Read 50 times Last modified on Friday, 12 October 2018 14:13