SJ WorldNews - шаблон joomla Авто

ဆန်းချက်ဇ်ကို ဆက်ထိန်းရန် ဝင်းဂါးအား ဘုတ်အဖွဲ့ထောက်ခံ

Monday, 07 August 2017 09:27 font size decrease font size decrease font size increase font size increase font size

လန်ဒန် သြဂုတ် ၆

 

ချယ်လ်ဆီးနှင့် ယနေ့ည ကွန်မြူနတီဒိုင်းပွဲစဉ် မကစားမီ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် အာဆင်နယ် အသင်းနည်းပြ ဝင်းဂါးက မိမိအသင်းမှ ထွက်ခွာဖွယ် ရှိသည်ဟု သတင်းများ ထွက်နေသော တိုက်စစ်မှူး ဆန်းချက်ဇ်ကို အသင်းတွင် ဆက်ထိန်းနိုင်ရန် အသင်းဘုတ်အဖွဲ့က ထောက်ခံချက် ပေးထားကြောင်း ထုတ်ဖော် ပြောကြားထားသည်။

ဆန်းချက်ဇ်သည် ယခုရာသီကုန်လျှင် အာဆင်နယ်နှင့် စာချုပ်သက်တမ်း ကုန်မည်ဖြစ်ပြီး အလွတ်ပြောင်းရွှေ့ခွင့် ရမည်ဖြစ်ရာ ဝင်းဂါးက ရာသီသစ်အတွက် ဆန်းချက်ဇ်အသင်းတွင် သေချာပေါက် ဆက်ရှိမည်ဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့သလို စာချုပ်သစ် ချုပ်နိုင်ရန်လည်း အသင်းဘုတ်အဖွဲ့က ထောက်ခံချက် ပေးထားသည်ဟု ဖွင့်ဟထားသည်။ ''ဆန်းချက်ဇ် အခု အသင်းအတွက် ကစားပေးနိုင်ဖို့ပဲ အာရုံစိုက်ထားပါတယ်။ ကျွန်တော့် ဆုံးဖြတ်ချက်ကလည်း ရှင်းပါတယ်။ သူအသင်းမှာ ဆက်ရှိမှာပါ။ စာချုပ်သက်တမ်းတိုးဖို့လည်း စီစဉ်နေပြီး ညှိနှိုင်းမှုတွေ ကိုတော့ လျှို့ဝှက်လုပ်ဆောင် နေပါတယ်''ဟု ဝင်းဂါးကပြောသည်။

 

 

Read 430 times Last modified on Monday, 07 August 2017 09:27