SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ဘိုင်ယန်အသင်း ပယ်နယ်တီဖြင့် ဒေါ့မွန်ကိုနိုင်ကာ စူပါဖလားရ

Monday, 07 August 2017 09:27 font size decrease font size decrease font size increase font size increase font size

မြူးနစ် သြဂုတ် ၆

ယမန်နေ့ညက ကစားသော ဂျာမန် စူပါဖလားပွဲ၌ လက်ရှိ ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဘိုင်ယန်မြူးနစ် အသင်းသည် ပြိုင်ဘက် ဒေါ့မွန်နောက်မှ လိုက်ကစားခဲ့ရပြီး ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရ ဗိုလ်စွဲသွားသည်။

ထိုပွဲတွင် ဒေါ့မွန်အတွက် ပူလီဆစ်က အဖွင့်ဂိုး စသွင်းပြီး ဘိုင်ယန်အသင်းအတွက် ချေပဂိုးကို တိုက်စစ်မှူး လီဝန်ဒေါစကီးက သွင်းယူခဲ့သော်လည်း ဒေါ့မွန်အတွက် အူဘာမီယန်က  ဒုတိယ ဦးဆောင်ဂိုး ထပ်သွင်းပေးခဲ့သည်။ သို့သော် ဘိုင်ယန်အတွက် ကင်မစ်ခ်ျက ထပ်မံချေပ ခဲ့သဖြင့်  နှစ်ဂိုးစီ သရေကျပြီး ပယ်နယ်တီအဆုံး အဖြတ်ကန်ရာ ဒေါ့မွန်ဘက်မှ ဘာထရာ လွဲချော်ပြီး ဘိုင်ယန်အသင်းက ပယ်နယ်တီ ၅ ဂိုး - ၄ ဂိုးဖြင့် အနိုင် ရသွားသည်။ ဘိုင်ယန် အသင်းသည် ယခုပွဲတွင်လည်း နောက်မှလိုက်ကစား ခဲ့ရသလို ရာသီကြို ခြေစမ်းပွဲငါးပွဲ ကစားရာတွင်လည်း လေးပွဲရှုံးကာ အေစီမီလန်နှင့် လီဗာပူးတို့ကို ဂိုးပြတ်ရှုံးခဲ့ရသည်။ သို့သော် ဘိုင်ယန်နည်းပြ အန်ဆယ်လော့တီက ရာသီသစ်အတွက် ပူပန်စရာ မလိုကြောင်း ပြောကြား ခဲ့သည်။ ''ကျွန်တော်တို့ ဘာပဲဖြစ်ဖြစ် အခု စူပါဖလားရနိုင်ခဲ့ပြီ။  ဒီဖလားက အသင်းအတွက် အရေးကြီးပါတယ်။ နောက်ကလိုက် ကစားခဲ့ရတယ် ဆိုပေမယ့် အာရုံစူးစိုက်မှု ကောင်းကောင်းနဲ့ ကစားနိုင်ခဲ့ပါတယ်။ ရာသီကြိုကာလမှာ ခြေစမ်းပွဲ ရလဒ်တွေ မကောင်းခဲ့ပေမယ့် ရာသီသစ်အတွက် ပူပန်စရာ မလိုပါဘူး။ ရာသီစတယ် ဆိုတာနဲ့ အသင့် ဖြစ်နေမှာ ပါ'' ဟု ပြောသည်။ ဘိုင်ယန်အသင်းသည် သြဂုတ် ၁၁ ရက်ည ဘွန်ဒက်စ်လီဂါ ရာသီသစ် အဖွင့်ပွဲအဖြစ် လေဗာကူဆင်နှင့် ကစားရမည် ဖြစ်သည်။

Read 369 times Last modified on Monday, 07 August 2017 09:28