SJ WorldNews - шаблон joomla Авто

ပီအက်စ်ဂျီအသင်း နေမာကို ခေါ်ယူနိုင်မှု အီဖယ်မျှော်စင်၌ မီးများထွန်းညှိ ကြိုဆို

Monday, 07 August 2017 09:28 font size decrease font size decrease font size increase font size increase font size

ပဲရစ် သြဂုတ် ၆

ပီအက်စ်ဂျီ အသင်းသည် ဘာစီလိုနာ အသင်းမှ ဘရာဇီး တိုက်စစ်မှူး နေမာကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၉၈ သန်းဖြင့် စာချုပ် ခေါ်ယူမှုအတွက်  ကြိုဆို ဂုဏ်ပြုသည့် အနေဖြင့် ယမန်နေ့ ညပိုင်းက ပီအက်စ်ဂျီအသင်း အေမီယန်းစ် အသင်းနှင့် ကစားစဉ် ပဲရစ်မြို့၏ အထိမ်းအမှတ် အီဖယ်မျှော်စင်၌ မီးများထွန်းညှိ ဂုဏ်ပြုခဲ့သည်။

ပြင်သစ်ဘောလုံး အဖွဲ့ချုပ်နှင့် ပီအက်စ်ဂျီ အသင်းသည် အေမီယန်းစ်နှင့် ပွဲစဉ်တွင် နေမာကို ပွဲထွက် ကစားခွင့် ရစေရန် စီစဉ်ခဲ့သော်လည်း စပိန်ဘောလုံး အဖွဲ့ချုပ်က ပေးရမည့် အပြောင်းအရွှေ့ စာရွက်စာတမ်း များကို အချိန်မီ မပေးခဲ့ခြင်းကြောင့် ထိုပွဲ၌ ပါဝင် ကစားခွင့် မရခဲ့ပေ။

သို့သော် အီဖယ်မျှော်စင်၌ နေမာဂျူနီယာ ဆိုသော စာတန်းနှင့် ပီအက်စ်ဂျီအသင်း  အထိမ်းအမှတ် အရောင်ဖြစ်သော အနီရောင်နှင့် အပြာရောင် မီးတန်းများကို ထိုပွဲကစား ချိန်တွင် ထွန်းညှိ ကြိုဆိုခဲ့သည်။ ပီအက်စ်ဂျီ အသင်းနည်းပြ အူနိုင်အမ်မရီက ''ကျွန်တော်တို့ နေမာကို အေမီယန်းစ်နဲ့ ပွဲမှာ ကစားခွင့်ရဖို့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့  စပိန်ဘောလုံး အဖွဲ့ချုပ်က ပေးစရာရှိတဲ့ အပြောင်းအရွှေ့ ကင်းလွတ်ခွင့် စာရွက်စာတမ်း တွေကို အချိန်မီ မပေးခဲ့တာကတော့ စိတ်ပျက်ဖို့ ကောင်းပါတယ်'' ဟု ပြောသည်။

Read 366 times Last modified on Monday, 07 August 2017 09:29