SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ပေါင်တစ်ဘီလီယံကျော် သုံးစွဲသည့် ပထမဆုံး နည်းပြ မော်ရင်ဟိုဖြစ်လာ

Monday, 07 August 2017 09:29 font size decrease font size decrease font size increase font size increase font size

မန်ချက်စတာ သြဂုတ် ၆

မန်ယူနည်းပြ မော်ရင်ဟိုသည် တိုက်စစ်မှူး လူကာကူကို အဲဗာတန် အသင်းထံမှ ပေါင် ၇၅ သန်းဖြင့် ခေါ်ယူလိုက်ခြင်းကြောင့် ၎င်းသည် နည်းပြဘဝ သက်တမ်း ၁၇ နှစ်အတွင်း ကစားသမားများ ဝယ်ယူခြင်းအတွက်

ပေါင်တစ်ဘီလီယံကျော် သုံးစွဲသည့်  ပထမဆုံး နည်းပြဖြစ်လာသည်။ မော်ရင်ဟို နည်းပြဘဝတွင် ကစားသမား ဝယ်ယူမှုအတွက် သုံးစွဲသည့် ငွေကြေး ပမာဏသည် ပေါင် ၁ ဒသမ ၁ ဘီလီယံရှိပြီး မော်ရင်ဟို၏ နည်းပြသက်   တစ်ဝက်ကျော်သာ သက်တမ်းရှိသော မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် ပေါင် ၈၅၉ သန်း သုံးစွဲခဲ့သည်။

မော်ရင်ဟိုပြီးလျှင် ကစားသမားသစ်များ ခေါ်ယူမှုအတွက် ငွေသုံးအများဆုံး နည်းပြမှာ လက်ရှိ ဘိုင်ယန်မြူးနစ် အသင်းနည်းပြ အန်ဆယ်လော့တီ ဖြစ်ပြီး ပေါင်သန်း ၉၇ဝ သုံးစွဲခဲ့သည်။  အန်ဆယ်လော့တီသည်  နည်းပြဘဝတွင် ၂၂ နှစ်ကြာ ကျင်လည်ခဲ့ပြီး ချယ်လ်ဆီး အပါအဝင် အသင်းပေါင်း ကိုးသင်းကို နည်းပြခဲ့သူလည်း ဖြစ်သည်။ မော်ရင်ဟိုသည် နည်းပြဘဝတွင် ဘာစီလိုနာ၌ လက်ထောက် နည်းပြအဖြစ် စတင်ခဲ့ပြီး ထိပ်တန်းကစားသမားများ  ဝယ်ယူမှုကို ချယ်လ်ဆီး အသင်းတွင် စတင်ပြုလုပ်ခဲ့ကာ ယခု မန်ယူနည်းပြ သက်တမ်း တစ်နှစ်အတွင်း နေမာ ပီအက်စ်ဂျီသို့ ပေါင် ၁၉၈ သန်းဖြင့် မပြောင်းမီ ယခင် ကမ္ဘာ့စံချိန်တင် ဈေးဖြစ်သော ပေါ့ဂ်ဘာကို ပေါင် ၉၆ သန်းဖြင့် ခေါ်ယူခဲ့သူလည်း ဖြစ်သည်။ မော်ရင်ဟိုသည် ပေါ်တို၊ ချယ်လ်ဆီး၊ အင်တာမီလန်နှင့် ရီးယဲလ်အသင်း တို့ကိုလည်း နည်းပြခဲ့သူဖြစ်သည်။

Read 423 times Last modified on Monday, 07 August 2017 12:25