SJ WorldNews - шаблон joomla Авто

တယ်ရီ၏ ပထမဆုံး ဗီလာနှင့် ပွဲဦးထွက် နိုင်ပွဲမရဘဲ သရေကျ

Monday, 07 August 2017 09:29 font size decrease font size decrease font size increase font size increase font size

မစ်လန်း သြဂုတ် ၆

ယမန်နေ့ညက  ကစားသည့် ချန်ပီယံရှစ် ပွဲစဉ် (၁) ၌ အင်္ဂလန် ဝါရင့်ခံစစ်မှူး ဂျွန်တယ်ရီသည်    ဗီလာ အသင်းအတွက် ပထမဆုံး ပွဲဦးထွက်အဖြစ် ပါဝင် ကစားခဲ့သော်လည်း ထိုပွဲတွင် ဟားလ်စီးတီး အသင်းအတွက် စီနီယာအသင်း ပထမဆုံး ပွဲထွက် ကစားခွင့်ရသည့်  လူငယ် တိုက်စစ်မှူး ဘိုဝင်ကြောင့် နိုင်ပွဲဖြင့် စတင်နိုင်ခြင်း မရှိဘဲ သရေတစ်မှတ်သာ ရယူနိုင်ခဲ့သည်။

ထိုပွဲ၌ ပွဲစပြီး ခုနစ်မိနစ်တွင် ဗီလာအတွက် အဘွန်လဟော်က အဖွင့်ဂိုး စသွင်းနိုင်ခဲ့ပြီး ပွဲချိန် ၆၂ မိနစ်တွင် ဘိုဝင်က ဟားလ်စီးတီး အတွက် ချေပဂိုး သွင်းယူခဲ့ခြင်း ဖြစ်သည်။ ဗီလာ အသင်းသည် ယခုရာသီတွင် ပရီးမီးယားလိဂ်သို့ တန်းပြန်တက်နိုင်ရန် ရည်မှန်းထားသည်။

Read 360 times Last modified on Monday, 07 August 2017 09:30