SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ကစားသမား ဘဝနောက်ဆုံး တစ်ဦးချင်း အပြေးပြိုင်ပွဲတွင် အူစိန်ဘော့ရှုံးနိမ့် မီတာ ၁ဝဝ ကမ္ဘာ့ ချန်ပီယံဆုရ ဂတ်လင်းကို ပရိသတ်လှောင်ပြောင်

Monday, 07 August 2017 09:30 font size decrease font size decrease font size increase font size increase font size

လန်ဒန် သြဂုတ် ၆

တာတို အပြေးသမားများ သမိုင်းတွင် ပြိုင်စံရှား အောင်မြင်မှုများရခဲ့သည့် ဂျမေကာ ဂန္ထဝင် အပြေးသမား အူစိန်ဘော့သည် ၎င်း၏ ကစားသမား ဘဝနောက်ဆုံး တစ်ဦးချင်း ပြိုင်ပွဲအဖြစ် ယမန်နေ့ညက လန်ဒန်မြို့၌ ကျင်းပသော ကမ္ဘာ့ ချန်ပီယံရှစ် အပြေးပြိုင်ပွဲ မီတာ ၁ဝဝ ပွဲစဉ်ကို  ယှဉ်ပြိုင်ရာ အရှုံးနှင့် ဇာတ်သိမ်းခဲ့ရသည်။

အဆိုပါ မီတာ ၁ဝဝ ပြိုင်ပွဲတွင် အမေရိကန် နိုင်ငံသား အပြေးသမား ဂတ်လင်းသည် စံချိန် ၉ ဒသမ ၉၂ စက္ကန့်ဖြင့် တစ်နိုင်ငံတည်းသား ပြိုင်ဘက် ခရစ္စတီယန်ကိုးလ်မန်းကို ကျော်ဖြတ် အနိုင်ရခဲ့ပြီး  ကိုးလ်မန်းမှာ စံချိန် ၉ ဒသမ ၉၄ စက္ကန့်ဖြင့် ဒုတိယ နေရာမှ ပန်းဝင်ခဲ့သည်။ အူစိန်ဘော့သည် စံချိန် ၉ ဒသမ ၉၅ စက္ကန့်ဖြင့် တတိယ နေရာမှသာ ပန်းဝင်နိုင်ခဲ့သည်။ အူစိန်ဘော့သည် ယခု ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲအပြီးတွင် အပြေးသမားဘဝမှ အနားယူမည်ဟု ကြေညာထားပြီး နောက်ဆုံး လက်ကျန်ပွဲအဖြစ် ရှေ့တစ်ပတ်တွင် မီတာ ၁ဝဝ လေးယောက် လက်ဆင့်ကမ်း ပြိုင်ပွဲတစ်ပွဲသာ ကစားရန် ကျန်ရှိတော့သည်။

အသက် ၃၅ နှစ်ရှိပြီဖြစ်သော ဂတ်လင်းသည် အူစိန်ဘော့၏ အဓိက ပြိုင်ဘက်ဖြစ်ပြီး ယခုပွဲတွင် အနိုင်ရခဲ့သော်လည်း ၎င်းသည် ယခင်က တားမြစ်ဆေး သုံးစွဲခဲ့ခြင်းကြောင့် နှစ်ကြိမ်တိုင် ပွဲပိတ်ခံထား ရဖူးသူဖြစ်၍ ပရိသတ်များက သြဘာမပေးဘဲ ဝိုင်းဝန်းလှောင်ပြောင် ခဲ့ကြသည်။

အူစိန်ဘော့အတွက် ယခုပွဲစဉ်၌ တတိယ ကြေးတံဆိပ်သာ ရခဲ့၍ ကမ္ဘာ့အဆင့် အကြိမ် ၂ဝ မြောက် ရွှေတံဆိပ်ကို လက်လွှတ်ခဲ့ရခြင်း ဖြစ်သည်။ အသက် ၃ဝ အရွယ်မှာပင် အပြေး သမားဘဝကို စွန့်လွှတ်တော့မည့် အူစိန်ဘော့က ပွဲအပြီးတွင် ''ကျွန်တော် တာထွက်မှားခဲ့လို့ ပါ။ ဒါပေမဲ့ ကျွန်တော့် ကစားသမား ဘဝမှာ အကောင်းဆုံး ပြိုင်ဘက်ဖြစ်တဲ့ ဂတ်လင်းအနိုင် ရတာကျေနပ်ပါတယ်''ဟု ဆိုခဲ့သလို ဂတ်လင်းကလည်း အူစိန်ဘော့ကို ''ကျွန်တော်တို့ အပြေး အားကစားလောက အတွက် အူစိန်ဘော့က လူတိုင်းနမူနာ ယူစရာ စံပြပုဂ္ဂိုလ်ပါပဲ'' ဟု ချီးကျူးခဲ့သည်။

Read 386 times Last modified on Monday, 07 August 2017 09:31