SJ WorldNews - шаблон joomla Авто

ဧပြီလတွင် လက်ဝှေ့ပြန်ကစားမည်ဟု တူးတူးအတည်ပြု

Thursday, 14 March 2019 11:23 font size decrease font size decrease font size increase font size increase font size

ရန်ကုန် မတ် ၁၃

လက်ဝှေ့ကြိုးဝိုင်းနှင့် တစ်နှစ်ကျော် ဝေးကွာနေသော တူးတူးသည် ဧပြီလတွင် လက်ဝှေ့ ပြန်ကစားမည် ဖြစ်ကြောင်း လူမှုကွန်ရက် မှတစ်ဆင့် အတည်ပြုခဲ့သည်။

တူးတူးသည် WLC-4 အပြီး ၎င်း၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ကာကွယ်ပြီးနောက် လက်ဝှေ့လောကမှ အနားယူပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။

''ကျွန်တော့်ကို အားပေးတဲ့ ပရိသတ်တွေ ကျွန်တော် စင်ပေါ်ပြန်တက်မယ့်နေ့ကို မျှော်နေကြမှာပါ။ ဧပြီ ၁၆ ရက်မှာ ကရင်ပြည်နယ် ဘားအံမြို့ရှိ ချစ်သူမြိုင် အပန်းဖြေဥယျာဉ်မှာ ထိုင်းနိုင်ငံသား တစ်ဦးနဲ့ ယှဉ်ပြိုင်မယ်''ဟု လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြခဲ့သည်။

တူးတူးသည် နောက်ဆုံးယှဉ်ပြိုင်ခဲ့သော WLC-4 တွင် ယူကရိန်းနိုင်ငံသား ဆိုရိုကင်နှင့် မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲကို ယှဉ်ပြိုင်ပြီး အငြင်းပွားဖွယ် အခြေအနေများ ဖြစ်ပေါ်ကာ လက်ဝှေ့လောကမှ အနားယူပြီ ဖြစ်ကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။

သို့သော် တူးတူးသည် ၂ဝ၁၈ ခုနှစ် ဇွန်လက ဆိုရိုကင်နှင့် ချန်ပီယံကာကွယ် ပွဲအပြီး ဖြစ်စဉ်များနှင့် ပတ်သက်၍ ပရိသတ်များအား ဇွန်လတွင် ပြန်လည် တောင်းပန်ခဲ့သည်။

တူးတူးသည် လက်ရှိတွင် ရန်ကုန်မြို့ရှိ နဂါးမာန်ကလပ်၌ လေ့ကျင့်မှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

TZW

Read 25 times Last modified on Thursday, 14 March 2019 11:24