SJ WorldNews - шаблон joomla Авто

မြန်မာ ယူ-၂၂ အသင်းအတွက် လက်ထောက်နည်းပြ တစ်ဦးခန့်အပ်

Thursday, 14 March 2019 11:24 font size decrease font size decrease font size increase font size increase font size

ရန်ကုန် မတ် ၁၃

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်သည် ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၈ အသင်းအား ကိုင်တွယ်ရန် ဦးစိုးမြတ်မင်းကိုသာ ဆက်လက် တာဝန်ပေးအပ်မည် ဖြစ်၍ လစ်လပ်သွားသော မြန်မာယူ-၂၂ အသင်း လက်ထောက်နည်းပြ နေရာအတွက် မကွေးအသင်း နည်းပြချုပ် ဦးဇော်ဝင်းထွန်းကို ခန့်အပ်ခဲ့ကြောင်း ယမန်နေ့က ကျင်းပသည့် နည်းစနစ်ကော်မတီ အစည်းအဝေး အပြီးတွင် ဆုံးဖြတ်ခဲ့သည်။

ဦးစိုးမြတ်မင်းသည် လက်ရှိတွင် မြန်မာယူ-၂၂ နှင့် မြန်မာ ယူ-၁၈ နှစ်သင်းစလုံးကို တာဝန်ယူနေရသူ ဖြစ်ပြီး မြန်မာ ယူ-၁၈အသင်း ဗီယက်နမ်ဖိတ်ခေါ် ပြိုင်ပွဲဝင်မည့် ကာလသည် မြန်မာ ယူ-၂၂ အသင်း၏ အာရှယူ-၂၃ ခြေစစ်ပွဲဝင်မည့် ကာလနှင့် တိုက်ဆိုင်နေသောကြောင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်က ယူ-၁၈ အသင်းအတွက် ယာယီနည်းပြ တစ်ဦးခန့် အပ်လိုက်ခြင်း ဖြစ်သည်။

''ဦးစိုးမြတ်မင်းက အသင်းနှစ်သင်းစလုံးကို တာဝန်ယူ နေရတဲ့အတွက် အလုပ်ပိုလုပ် ရပါတယ်။ လေ့ကျင့်ရေးကလည်း နှစ်သင်း စာလုပ်ပေးရတော့ ပင်ပန်းပါတယ်။ ဒါကြောင့် နည်းစနစ်ကော်မတီ အစည်းအဝေးကနေ မြန်မာ ယူ-၁၈ အသင်းကိုပဲ ကိုင်တွယ်ဖို့ ဆုံးဖြတ်လိုက်တာပါ။ ဗီယက်နမ်ဖိတ်ခေါ် ပြိုင်ပွဲကို ဦးစိုးမြတ်မင်းပဲ ကိုင်တွယ်မှာ ဖြစ်ပါတယ်''ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် CEO ဦးဘုန်းနိုင်ဇော်က ပြောသည်။

မြန်မာ ယူ-၁၈ အသင်းသည် မတ် ၂၃ ရက်မှ ၃ဝ ရက်အထိ ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် ဖိတ်ခေါ်ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

TZW

Read 33 times Last modified on Thursday, 14 March 2019 11:25