SJ WorldNews - шаблон joomla Авто

ဆောက်သမ်းမြန်မာနှင့် ရန်ကုန်ယူနိုက်တက်ပွဲစဉ် ဖြစ်ရပ်အတွက် စည်းကမ်းထိန်းသိမ်းရေးက ပြစ်ဒဏ်ချမှတ်

Friday, 15 March 2019 11:57 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  မတ်  ၁၄

MPT Myanmar National League (U-21) 2019အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် (၃၆) ကို မတ် ၉ ရက်က ရန်ကုန်မြို့  စလင်းကွင်း၌ ဆောက်သမ်းမြန်မာအသင်း နှင့်  ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင် ကစားရာ ယင်းပွဲစဉ်မှ ဖြစ်ရပ်အတွက် မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်း ရေးကော်မတီက ပြစ်ဒဏ် ချမှတ်ခဲ့သည်။  

ထိုပွဲစဉ်တွင် ပွဲကစားချိန် (၉ဝ+၃) မိနစ် တွင်  ဆောက်သမ်းမြန်မာအသင်း ဂိုးသမား နှင့်   ရန်ကုန် ယူနိုက်တက် အသင်းမှ ကစားသမား နိုင်မင်းသူတို့    ဘောလုံးယှဉ်လုစဉ်  လဲကျနေသည့် ဆောက်သမ်းမြန်မာ အသင်း ဂိုးသမား၏ ဦးခေါင်းကို နိုင်မင်းသူက တမင်ကန်လိုက်သဖြင့်  ဒိုင်လူကြီးက  အနီကတ်ပြ  ထုတ်ပယ်ခဲ့သည်။

ထို့ကြောင့်   နိုင်မင်းသူ၏  အပြုအမူ အတွက် ပြိုင်ပွဲကျင်းပရေး အဖွဲ့မှ အရေးယူ ပေးရန်တင်ပြ လာသည့်အတွက်   မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက  ယနေ့တွင်   အစည်းအဝေး ပြုလုပ်၍ တာဝန်ကျ ဒိုင်လူကြီးများကို  ခေါ်ယူ မေးမြန်းခြင်း၊ ပြိုင်ပွဲကြီးကြပ်နှင့် ဒိုင်လူကြီး များ၏ အစီရင်ခံစာများကို ဖတ်ရှုလေ့လာ ခြင်း၊ ရုပ်သံမှတ်တမ်းများကို ပြန်လည်ကြည့်ရှု ခြင်းများပြုလုပ်၍    ရန်ကုန်ယူနိုက်တက် အသင်းကစားသမား နိုင်မင်း သူအား ပြိုင်ပွဲ ကျင်းပရေး စည်းမျဉ်း စည်းကမ်းထိန်းသိမ်း ရေးမူ အပိုဒ်(၁)အရ အနီးစပ်ဆုံး နှစ်ပွဲပယ် နှင့် ဒဏ်ကြေး ငွေကျပ် ၁ဝဝဝဝဝ ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။

TZW

Read 33 times Last modified on Friday, 15 March 2019 12:05