SJ WorldNews - шаблон joomla Авто

ရှမ်းယူနိုက်တက် အသင်းနှင့် နည်းပြချုပ် ဦးမင်းသူတို့ နှစ်ဦးသဘောတူလမ်းခွဲ

Friday, 15 March 2019 12:09 font size decrease font size decrease font size increase font size increase font size

 ရန်ကုန်   မတ်  ၁၄

ရှမ်းယူနိုက်တက်အသင်းသည် နည်းပြချုပ် ဦးမင်းသူနှင့် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ယမန်နေ့က နှစ်ဦး သဘောတူ လမ်းခွဲလိုက်ပြီ ဖြစ်သည်။

နည်းပြချုပ်ဦးမင်းသူသည် ယခုဘောလုံး ရာသီတွင် ပထမအသင်း (စီနီယာအသင်း)ကိုစတင် တာဝန်ယူခဲ့ပြီး ရန်ကုန် ယူနိုက်တက် အသင်းအားအနိုင်ရကာ  ချာရတီဖလား  ရအောင် စွမ်းဆောင်နိုင်ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် မြန်မာ နေရှင်နယ် လိဂ် ငါးပွဲတွင် နှစ်ပွဲနိုင်၊ သုံးပွဲသရေ၊ ရမှတ် ကိုးမှတ်ဖြင့် အမှတ်ပေးဇယား အဆင့်(၃) နေရာတွင် ရပ်တည်နေပြီး   ပထမနေရာမှ  ရန်ကုန်ယူနိုက်တက်အသင်းနှင့်  အဆင့်(၂)နေရာမှ ဟံသာဝတီယူနိုက်တက်အသင်းတို့

မှာ ရမှတ် ၁ဝ မှတ်စီဖြင့် ရပ်တည်နေသည်။

ပြည်ပပြိုင်ပွဲဖြစ်သည့် AFC Cup 2019 တွင် အုပ်စုပွဲနှစ်ပွဲကစားထားရာ နှစ်ပွဲစလုံး ရှုံးနိမ့်ခဲ့သည်။ ဦးမင်းသူသည် အသက် ၁၉ နှစ် အောက် ရှမ်းယူနိုက်တက်လူငယ်အသင်းကို ချန်ပီယံဖြစ်အောင် ဦးဆောင်ပေးနိုင်ခဲ့သော်လည်း စီနီယာ အသင်းကြီးနှင့် လုံလောက်သည့် ရလဒ်ကောင်းများ ရယူနိုင်ခြင်းမရှိသည့်အတွက် အသင်းနှင့်လမ်းခွဲခဲ့ခြင်းဖြစ် သည်။                          

 

Read 24 times Last modified on Friday, 15 March 2019 12:16