SJ WorldNews - шаблон joomla Авто

မြန်မာ ဖူဆယ်လိဂ်တွင် MIC အသင်းနှင့် VUC အသင်း ချန်ပီယံလုရမည်

Friday, 15 March 2019 12:16 font size decrease font size decrease font size increase font size increase font size

 ရန်ကုန်  မတ်  ၁၄

မြန်မာဖူဆယ်လိဂ်    နောက်ဆုံးပွဲစဉ် မတိုင်မီ ပွဲစဉ် (၂၁) အပြီးတွင်  ထိပ်ဆုံးမှ MIC နှင့် VUC အသင်းတို့သည်  ရမှတ် သုံးမှတ်သာကွာဟသည့်အတွက် နောက်ဆုံး ပွဲစဉ်၌ ချန်ပီယံအဆုံးအဖြတ်အဖြစ် ယှဉ်ပြိုင် ရမည်ဖြစ်သည်။ 

ယမန်နေ့က  ရန်ကုန်မြို့  အမျိုးသား အားကစားပြိုင်ပွဲရုံ  (၁) သုဝဏ္ဏ၌  ယှဉ်ပြိုင် သည့် ဖူဆယ်လိဂ်ပွဲစဉ်(၂၁)တွင်  VUC ၊ VUC ၊ UPT ၊ GV Athletic ၊ မြို့မ YTD အသင်းတို့က    ပြိုင်ဘက်အသင်းများကို  အသီးသီး အနိုင်ရခဲ့သော် လည်း Comrade နှင့်  Titan XI အသင်းတို့ သရေရလဒ် ထွက်ပေါ်ခဲ့သည်။

ယခုတစ်ပတ်တွင်   အမှတ်ပေးဇယား ထိပ်ဆုံးမှ MIC  အသင်းသည် ရွှေမြဝတီ အသင်းကို ခြေစွမ်း အသာဖြင့် ဖိအားပေး ကစားပြီး ၁၃ ဂိုး-၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဒုတိယနေရာက  VUC အသင်းက ပြည်ယူနိုက်တက် အသင်းကို ၁၆ ဂိုး- ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရကာ MIC အသင်းကို သုံးမှတ် အကွာဖြင့် ဆက်လက်ဖိအားပေ နိုင်ခဲ့သည်။

တခြားပွဲစဉ်တွင် UPT အသင်းက အောင်မျိုးမြင့် အသင်းကို ၅ ဂိုး-၃ ဂိုး၊ GV Athletic က White Colour အသင်းကို ၁၉ ဂိုး-၄ ဂိုး၊  မြို့မ YTD အသင်းက မြန်မာ ယူ-၁၉  အသင်းကို ၄ ဂိုး-၃ ဂိုးတို့ဖြင့်  အသီးသီး အနိုင်ရခဲ့ပြီး Comrade နှင့် Titan XII အသင်းတို့မှာ နှစ်ဂိုးစီသရေကျခဲ့သည်။ ပွဲစဉ်  (၂၁) အပြီးတွင် MIC အသင်းက ရမှတ်  ၆၃ မှတ်ဖြင့် ပထမ၊ VUC အသင်းက ရမှတ်  ၆ဝ ဖြင့် ဒုတိယ၊ GV Athletic အသင်းက  ရမှတ် ၄၅ မှတ်ဖြင့်   တတိယနေရာတို့တွင်   ရပ်တည်နေသည်။  ထို့ကြောင့် ယခုနှစ် ဖူဆယ်လိဂ် နောက် ဆုံးပွဲစဉ်တွင် MIC နှင့် VUC အသင်းတို့ ထိပ်တိုက်တွေ့ ဆုံနေပြီး  MIC အသင်းအနေဖြင့် သရေတစ်မှတ်ရရှိရုံဖြင့် ချန်ပီယံ ဆုရရှိနိုင်မည်ဖြစ်သည်။ ဖူဆယ်လိဂ်နောက် ဆုံးပွဲစဉ်ကို မတ် ၂ဝ ရက်တွင် အမျိုးသား အားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏတွင်ကျင်းပ မည်ဖြစ်ပြီး  ယင်းပွဲစဉ်အပြီးတွင်  ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပမည်ဖြစ် ကြောင်း သိရသည်။                

 

 

 

 

Read 52 times Last modified on Friday, 15 March 2019 12:27