SJ WorldNews - шаблон joomla Авто

မြန်မာနှင့်ဗီယက်နမ် လက်ရွေးစင် အမျိုးသမီးအသင်း မန္တလေးမြို့၌ ခြေစမ်းမည်

Saturday, 16 March 2019 09:37 font size decrease font size decrease font size increase font size increase font size

မန္တလေး မတ် ၁၅

၂ဝ၂ဝ တိုကျိုအိုလံပစ် ဒုတိယအဆင့် ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်မှုများပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းနှင့် ဗီယက်နမ်လက်ရွေးစင် အမျိုးသမီး အသင်းတို့သည် မတ် ၂၁ ရက်နှင့် ၂၃ ရက်တို့တွင် မန္တလေးမြို့ရှိ မန္တလာသီရိ အားကစားကွင်း၌ ခြေစမ်းပွဲကစားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏ အကြိုပြင်ဆင်မှုအဖြစ် ခြေစမ်းပွဲကစားရန် အာဆီယံထိပ်သီး အသင်းများကို ကမ်းလှမ်းခဲ့ပြီး ထိုင်းလက်ရွေးစင် အသင်းနှင့် ပွဲကစားမည့်ရက် ညှိနှိုင်းမှုအဆင်မပြေသောကြောင့် ဗီယက်နမ်အသင်းနှင့် ပြောင်းလဲကစားခြင်း ဖြစ်သည်။ MFF သည် ခြေစမ်းပွဲများကို မတ် ၂၁ ရက်နှင့်၂၃ ရက်တို့တွင် ကစားလိုသော်လည်း ထိုင်းအသင်းက မတ် ၂၅ ရက်နှင့် ၃ဝ ရက်တို့တွင် ကစားလိုသောကြောင့် ညှိနှိုင်းမှုပျက်ပြယ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် MFF သည် ဗီယက်နမ် အသင်းနှင့် ပြောင်းလဲညှိနှိုင်းခဲ့ရာ ယမန်နေ့က သဘောတူညီမှုရခဲ့ကြောင်း မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းနည်းပြချုပ် ဦးဝင်းသူမိုးက ပြောသည်။

Read 41 times Last modified on Saturday, 16 March 2019 09:38