SJ WorldNews - шаблон joomla Авто

အာရှအဆင့် မြားပစ်ပြိုင်ပွဲသို့ မြန်မာကစားသမား ၁၅ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်

Saturday, 16 March 2019 09:38 font size decrease font size decrease font size increase font size increase font size

ရန်ကုန် မတ် ၁၅

အာရှအဆင့်မြားပစ်ပြိုင်ပွဲသို့ မြန်မာ့လက်ရွေးစင် မြားပစ်ကစားသမား ၁၅ ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။ အဆိုပါ အာရှအဆင့် မြားပစ်ပြိုင်ပွဲကို မတ် ၂၄ ရက်မှ ၃၁ ရက်အထိ ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပမည်ဖြစ်ပြီး အာရှနိုင်ငံအသီးသီးမှ မြားပစ်ကစားသမားများ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။ ပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီး အသင်းလိုက်ပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီးအရောပြိုင်ပွဲတို့ ပါဝင်မည်ဖြစ်ပြီး မြန်မာကစားသမားများ အနေဖြင့် ပြိုင်ပွဲအမျိုးအစား သုံးမျိုးစလုံး၌ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ ''ဒီပြိုင်ပွဲက အာရှအဆင့်ဆိုပေမယ့် ကမ္ဘာ့အဆင့် သတ်မှတ်ရေး အတွက်ပါ အရေးပါပါတယ်။ ပြိုင်ပွဲမှာ အနိုင်ရတဲ့သူတွေက ကမ္ဘာ့အဆင့်တက်သွားမှာပါ။ ဒါ့ကြောင့်အာရှက နာမည်ကြီးကစားသမားတွေလည်း တော်တော်များများ လာရောက်ယှဉ်ပြိုင်ကြမယ်။ ဒီပြိုင်ပွဲက ကစားသမားတွေအတွက် အတွေ့အကြုံကောင်းတွေလည်း ရစေမှာ ဖြစ်ပါတယ်'' ဟု ၎င်းကပြောသည်။ ယင်းပြိုင်ပွဲအပြီးတွင် မြန်မာနိုင်ငံမြားပစ် အဖွဲ့ချုပ် အနေဖြင့် ယခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲ အတွက် ပြင်ဆင်မှုများ ဆက်လက်ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

Read 39 times Last modified on Saturday, 16 March 2019 09:38