SJ WorldNews - шаблон joomla Авто

တိုက်စစ်မှူးဝင်းနိုင်ထွန်းကို အထောင်တိုက်စစ်မှူးနေရာထက် တိုက်စစ်ပိုင်းနေရာစုံတွင် ကစားခွင့်ပေးထား

Sunday, 24 March 2019 11:52 font size decrease font size decrease font size increase font size increase font size

ရန်ကုန် မတ် ၂၃

မြန်မာယူ-၂၂ အသင်း၏ တိုက်စစ်မှူး ဝင်းနိုင်ထွန်းကို မူလကစားနေသော အထောင် တိုက်စစ်မှူးနေရာထက် တိုက်စစ်ပိုင်းနေရာစုံ တွင် ကစားခွင့်ပေးထားကြောင်း နည်းပြချုပ် ပိုပေါ့ကပြောသည်။ ဝင်းနိုင်ထွန်းသည် မတ် ၂၂ ရက်က ယှဉ်ပြိုင်ကစားသော တီမောအသင်းနှင့်ပွဲစဉ် တွင် တိုက်စစ်မှူးစစ်စစ်ပုံစံထက် Free Roleပုံစံဖြင့်ကစားပြီး ခြေစွမ်းပြသနိုင်ခဲ့ သည်။

''ကျွန်တော့်အသင်းရဲ့ကစားကွက်ပုံစံကို ပြောင်းလဲထားပါတယ်။ ပြီးခဲ့တဲ့ အာဆီယံ ပြိုင်ပွဲကပုံစံနဲ့မတူတဲ့ ပုံစံကိုမြင်တွေ့ရမယ်ထင်ပါတယ်။ ဝင်းနိုင်ထွန်းက တကယ်အံ့သြ ဖို့ကောင်းတဲ့ ကစားသမားတစ်ဦးပါ။ အရင် လို လူကပ်မခံတော့ဘဲ Free Roleပုံစံနဲ့ပဲ တိုက်စစ်ပိုင်းမှာ စိတ်ကြိုက်ကစားခွင့်ပေး လိုက်ပါတယ်။ ဒါက ဝင်းနိုင်ထွန်းကို ကောင်း ကောင်းကစားစေနိုင်ခဲ့တဲ့ အချက်လို့ထင်ပါတယ်''ဟု မြန်မာယူ-၂၂ အသင်း နည်းပြချုပ် ပိုပေါ့ကပြောသည်။

ဝင်းနိုင်ထွန်းသည် မတ် ၂၂ ရက်က ယှဉ်ပြိုင်ကစားသော တီမောအသင်းနှင့် ပွဲစဉ်တွင် ခြေစွမ်းပြသနိုင်ပြီး ၄င်း၏ကစားပုံ ကြောင့် တခြားကစားသမားများပါ နေရာ လွတ်များရရှိကာ ဂိုးများ သွင်းယူနိုင်ခဲ့သည်။ ဝင်းနိုင်ထွန်းသည် တီမောအသင်းနှင့်ပွဲစဉ်တွင် သွင်းဂိုးနှစ်ဂိုးသွင်းယူနိုင်ပြီး မြန်မာ အသင်းရရှိသော ခုနစ်ဂိုးတွင် ငါးဂိုးအထိ ၄င်း၏ပါဝင်ပတ်သက်မှုရှိကြောင်းနှင့် မြန်မာ ယူ-၂၂ အသင်းသည် မတ် ၂၄ ရက်တွင် အုပ်စုဒုတိယပွဲစဉ်အဖြစ် မကာအိုအသင်း နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရ သည်။

Read 28 times Last modified on Sunday, 24 March 2019 11:58