SJ WorldNews - шаблон joomla Авто

WLCလက်ဝှေ့ပွဲ ကရင်ပြည်နယ်၌ ပထမဆုံးကျင်းပမည်

Sunday, 24 March 2019 11:58 font size decrease font size decrease font size increase font size increase font size

ဘားအံ မတ် ၂၃

(၈)ကြိမ်မြောက် ကမ္ဘာ့ချန်ပီယံရှစ် မြန်မာ့ ရိုးရာလက်ဝှေ့ပြိုင်ပွဲ (WLC-8) ကို ကရင် ပြည်နယ်၌ ပထမဆုံးကျင်းပမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူ ကိုအောင်သူ ၏ပြောကြားချက်အရ သိရသည်။

ယင်းပြိုင်ပွဲကို မေ ၅ ရက်တွင် ကရင် ပြည်နယ် ဘားအံမြို့ရှိ ချစ်သူမြိုင်အပန်းဖြေ ဥယျာဉ်၌ ကျင်းပမည်ဖြစ်ပြီး အဓိကတွဲဆိုင်း အဖြစ် ဖိုးလပြည့်နှင့် ရန်နိုင်ထွန်းတို့အပါ အဝင် တွဲဆိုင်း ၁၂ ဆိုင်း ပါဝင်မည်ဖြစ်သည်။

'' WLC-8ကို ကရင်ပြည်နယ်မှာ ကျင်းပ  ဖို့ စီစဉ်ထားတယ်။ ကရင်ပြည်နယ်က ဒေသခံ လက်ဝှေ့သမားတွေထွက်ပေါ်သလို ပရိသတ် တွေလည်း အားပေးကြတဲ့အတွက် အခုလို စီစဉ်ဖြစ်တာပါ။ ပုံမှန်စိန်ခေါ်ပွဲတွဲဆိုင်း ခုနစ် ဆိုင်းပါမယ်။ ဒါ့ပြင် မျိုးဆက်သစ်တွေအတွက် ငါးဆိုင်းလောက်လည်း ကြားပွဲယှဉ်ပြိုင်ဖို့ စီစဉ်မယ်။ အခုလာမယ့်ပွဲအတွက် လိုဂိုကိုပါ ကရင်အလံဒီဇိုင်းပြောင်းမယ်။ အဲဒီဒီဇိုင်းနဲ့  အင်္ကျီတွေ၊ ဦးထုပ်တွေထုတ်ပြီး ပြိုင်ပွဲကျင်းပ တဲ့ကာလအတွင်း ရောင်းချဖို့ အစီအစဉ် ရှိပါတယ်''ဟု ကိုအောင်သူကပြောသည်။

WLC-8 ပြိုင်ပွဲ ရုံဝင်ကြေးများကို လက်ရှိ အချိန်ထိ သတ်မှတ်ရခြင်းမရှိသေးကြောင်း နှင့် WLC ကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့၌ ကျင်းပပြီးဖြစ်ကြောင်း သိရ သည်။

Read 29 times Last modified on Sunday, 24 March 2019 12:03