SJ WorldNews - шаблон joomla Авто

မကာအိုအသင်းကို ပုံစံကောင်းပြသပြီး အနိုင်ရယူရန် မြန်မာယူ-၂၂ အသင်း နည်းပြချုပ်မျှော်လင့်

Sunday, 24 March 2019 12:03 font size decrease font size decrease font size increase font size increase font size

ရန်ကုန် မတ် ၂၃

အာရှယူ-၂၃ ခြေစစ်ပွဲ ဒုတိယမြောက် အုပ်စုပွဲစဉ်တွင် ရင်ဆိုင်ရမည့် မကာအို အသင်းကို ပုံစံကောင်းပြသပြီး အနိုင်ရယူရန် မျှော်လင့်ကြောင်း မြန်မာ့လက်ရွေးစင်ယူ-၂၂ အသင်း နည်းပြချုပ် ပိုပေါ့ကပြောသည်။

မြန်မာယူ-၂၂ အသင်းသည် အုပ်စု(I) ၏ အဖွင့်ပွဲစဉ်ကို မတ် ၂၂ ရက်က ယှဉ်ပြိုင် ကစားပြီး တီမောအသင်းကို ၇ ဂိုး- ဂိုးမရှိရလဒ်ဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။ ''ကောင်းမွန်တဲ့ရလဒ်နဲ့ ကစားပုံကို တီမောအသင်းနဲ့ပွဲမှာ ပြသနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ လာမယ့် မကာအို နဲ့ပွဲစဉ်မှာလည်း ပုံစံကောင်းပြသပြီး အနိုင် ရဖို့ မျှော်လင့်ပါတယ်'' ဟု ပိုပေါ့ကပြော သည်။

၂ဝ၂ဝ အာရှယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲ အတွက် ခြေစစ်ပွဲစဉ်များကို မတ် ၂၂ ရက်မှ စတင်ယှဉ်ပြိုင်ကစားလျက်ရှိပြီး အုပ်စုတစ်ခုစီ မှ အုပ်စုဗိုလ်တစ်သင်းစီနှင့် အကောင်းဆုံး ဒုတိယငါးသင်းတို့သည် ခြေစစ်ပွဲအောင်မြင် မည်ဖြစ်သည်။ မြန်မာအသင်းအနေဖြင့် အုပ်စုတွင်းပြိုင်ဘက်တွင် ဂျပန်နိုင်ငံပါဝင် နေသောကြောင့် အကောင်းဆုံးအုပ်စု ဒုတိယ နေရာကို အနိမ့်ဆုံးမျှော်လင့်ခွင့်ရှိနေပြီး ဂိုးအများအပြားသွင်းယူထားရန် လိုအပ်လျက် ရှိသည်။

''လက်ရှိမှာ ခြေစစ်ပွဲအောင်ဖို့ အာရုံစိုက် ထားပါတယ်။ ဒီအဆင့်ကို ကျော်ဖြတ်နိုင်ဖို့ ဆိုရင် ဂိုးများများသွင်းထားဖို့လည်း လိုအပ်ပါတယ် '' ဟု မြန်မာ့လက်ရွေးစင်ယူ-၂၂ အသင်း နည်းပြချုပ် ပိုပေါ့ကပြောသည်။မြန်မာယူ-၂၂ အသင်းသည် လက်ရှိတွင် တစ်ပွဲကစား တစ်ပွဲအနိုင်ရရှိထားပြီး ဂိုးကွာ ခြားချက်တစ်ဂိုးဖြင့် ဂျပန်အသင်း၏အောက် အုပ်စုဒုတိယနေရာတွင် ရပ်တည်နေကြောင်း သိရသည်။

Read 40 times Last modified on Sunday, 24 March 2019 12:05