SJ WorldNews - шаблон joomla Авто

ယခုနှစ်တွင် ကျင်းပမည့် နိုင်ငံ တကာပြိုင်ပွဲ နှစ်ခုသို့ ဖူဆယ်လိဂ်ချန်ပီယံ MIC အသင်း ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိ

Monday, 25 March 2019 10:03 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  မတ်  ၂၄

၂ဝ၁၈-၂ဝ၁၉ ရာသီ ဖူဆယ်လိဂ်ပြိုင်ပွဲ တွင် ချန်ပီယံဖြစ်ခဲ့သည့် MIC အသင်းသည် ယခုနှစ်အတွင်း  ကျင်းပမည့်  နိုင်ငံ တကာ ပြိုင်ပွဲနှစ်ခု၌    ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိ ကြောင်း သိရသည်။

ဖူဆယ်လိဂ်ချန်ပီယံ အသင်းသည် အာဆီယံ ဘောလုံးအဖွဲ့ချုပ် (AFF) မှ ကြီးမှူးကျင်းပ မည့်   အာဆီယံ ဖူဆယ် ကလပ် ချန်ပီယံရှစ် ပြိုင်ပွဲနှင့် အာရှ ဘောလုံးအဖွဲ့ချုပ် (AFC) မှ ကြီးမှူးကျင်းပမည့် အာရှဖူဆယ်ကလပ် ချန်ပီယံ ရှစ်ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင် ခွင့်ရရှိမည်ဖြစ်၍ MIC အသင်းအနေဖြင့် ပြိုင်ပွဲနှစ်ခုစလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခြင်းဖြစ် သည်။

''ကျွန်တော်တို့ အသင်းအနေနဲ့ ဒီရာသီ ဖူဆယ်လိဂ်ပြိုင်ပွဲမှာ   ဗိုလ်စွဲတာကြောင့် အာဆီယံဖူဆယ်ကလပ်ပြိုင်ပွဲရော  အာရှ ဖူဆယ် ကလပ်ပြိုင်ပွဲမှာပါ  ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမှာပါ။ ဒါပေမဲ့ ပြိုင်ပွဲတစ်ခုကိုပဲ ယှဉ်ပြိုင်ဖို့  စီစဉ်ထားပါ တယ်။  ဒုတိယနဲ့ တတိယနေရာရရှိထားတဲ့အသင်းတွေ ယှဉ် ပြိုင်ဖို့ စိတ်ဝင်စားတယ်ဆိုရင် ပြိုင်ပွဲတစ်ခု မှာ ဝင်ရောက် ယှဉ်ပြိုင် ခွင့်ပေးဖို့ အစီအစဉ် ရှိပါတယ်။  ဘယ်ပြိုင်ပွဲမှာ  ဝင်ပြိုင်ဖြစ်မလဲ ဆိုတာ အသင်းတာဝန်ရှိသူတွေနဲ့ ညှိနှိုင်း မှာပါ။ အသင်း အတွက် အကျိုးရှိပြီး အောင်မြင်မှု ရရှိနိုင်တဲ့ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာပါ'' ဟု MIC အသင်း နည်းပြချုပ် ဦးသန်း ဝဏ္ဏအောင်က ပြောသည်။

AFF  သည် အာဆီယံ ဖူဆယ်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲကို ၂ဝ၁၅ ခုနှစ်က စတင် ကျင်းပပြီး MIC အသင်းအနေဖြင့် ၂ဝ၁၅ ခုနှစ်၊ ၂ဝ၁၆ ခုနှစ်နှင့် ၂ဝ၁၈ ခုနှစ်ပြိုင်ပွဲများ ၌ ယှဉ်ပြိုင်ခွင့်ရကာ သုံးကြိမ်စလုံး တတိယ ဆုရရှိပြီး၂ဝ၁၇ ခုနှစ်ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်သည့် PU အသင်းသည် အုပ်စု  အဆင့်မှပင် ထွက်ခဲ့ရသည်။ မြန်မာကလပ်များ အနေ ဖြင့် အာရှဖူဆယ် ကလပ်ပြိုင်ပွဲတွင် ၂ဝ၁၈ရာသီမှ ယှဉ်ပြိုင်ခွင့်ရရှိပြီး MIC အသင်းသည် အုပ်စုမှ ထွက်ခဲ့ ရကြောင်း သိ ရသည်။                       

 

 

Read 46 times Last modified on Monday, 25 March 2019 10:04