SJ WorldNews - шаблон joomla Авто

ခရစ္စတယ် ပဲလေ့စ် တိုက်စစ်မှူး ဇာဟာကို ပရဟိတ ဂုဏ်ထူးဆောင်ဆု ချီးမြှင့်

Wednesday, 10 April 2019 12:42 font size decrease font size decrease font size increase font size increase font size

လန်ဒန်၊ ဘောလုံးအားကစား

ခရစ္စတယ်ပဲလေ့စ် အသင်းမှ  တိုက်စစ်မှူးဇာဟာကို   Global   Gift အဖွဲ့အစည်းမှ ဦးဆောင်ပြီး လူမှုအကျိုးပြုနှင့် ငြိမ်းချမ်းရေး လုပ်ငန်းများ လုပ်ဆောင်နေသော  Football For Peace အဖွဲ့အစည်းမှ ပရဟိတ ဂုဏ်ထူး ဆောင်ဆု ပေးအပ် ချီးမြှင့်ခဲ့သည်။

ဧပြီ ၈ရက်တွင် အဆိုပါအဖွဲ့အစည်းက လန်ဒန်မြို့ ကိုရင်သီယာဟိုတယ်၌ ကျင်းပသည့် ဂုဏ်ပြုညစာစားပွဲတွင် ဘောလုံးသမားတစ်ဦး အနေဖြင့် ပရဟိတလုပ်ငန်းများ  အကောင်းဆုံး လုပ်ဆောင်နိုင်သူအဖြစ် ဇာဟာကို ဆုချီးမြှင့် ခဲ့ခြင်းဖြစ်ပြီး ယင်းအခမ်းအနားသို့ အသင်းဖော် မာမာဒူဆာခိုနှင့် ဘုန်းမောက်နှင့် အင်္ဂလန်တိုက်စစ်မှူး ကယ်လန် ဝီလ်ဆင် တို့လည်း တက်ရောက် ခဲ့သည်။

ပြီးခဲ့သည့်ရက်များအတွင်း အွန်လိုင်းတွင် လူမျိုးရေးခွဲခြား စော်ကားမှုများ ခံခဲ့ရသော ဇာဟာက ''ဘောလုံးမှာ  လူမျိုးရေး ခွဲခြားစော်ကားမှုတွေ ရှိနေတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေ အတွင်း ဒီလိုဖြစ်ရပ်တွေ အများကြီးကြုံခဲ့ရပေမယ့် ကျွန်တော် ကတော့ သူတို့ကိုကြည့်ပြီး  ရယ်ရုံပဲရှိတယ်''ဟု ပြောသည်။                                                     

Ref:Dailymail

Read 106 times Last modified on Wednesday, 10 April 2019 12:43