SJ WorldNews - шаблон joomla Авто

သက်ထားသူဇာ ဗီယက်နမ် International Challenge ၃၂ ဦးအဆင့်တွင် ရှုံးနိမ့်

Thursday, 11 April 2019 10:39 font size decrease font size decrease font size increase font size increase font size

ဗီယက်နမ်နိုင်ငံ၌ ကျင်းပသည့်  International Challenge ပြိုင်ပွဲသို့  သွားရောက် ယှဉ်ပြိုင်နေသော မြန်မာကြက် တောင်မယ်  သက်ထားသူဇာသည်  ဧပြီ  ၁ဝ  ရက်တွင်  ယှဉ်ပြိုင်သော အမျိုးသမီး တစ်ဦးချင်း ပွဲစဉ်၌ ထိုင်းကစား သမား Chananchida  Jucharoen  ကို (၁၂-၂၁) (၂၁-၁၆) (၂၃-၂၁) ဖြင့် နှစ်ပွဲရှုံး- တစ်ပွဲနိုင်သည့် အတွက် ၃၂ ဦးအဆင့် မှာပင် ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။

သက်ထားသူဇာသည် ဗီယက်နမ်နိုင်ငံ၌ ကမ္ဘာ့ကြက်တောင် အဖွဲ့ချုပ်မှ ပေးထားသည့် စခန်းသွင်းလေ့ကျင့်မှုသို့ သွား ရောက်ပူးပေါင်း လေ့ကျင့်ရင်း  အဆိုပါပြိုင်ပွဲကို  ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။  သက်ထားသူဇာ အနေဖြင့် ယင်းပြိုင်ပွဲကို ၂ဝ၂ဝ  တိုကျို နွေရာသီ အိုလံပစ်ပြိုင်ပွဲ လက်ရည်စစ်အောင်မြင်ရန် ကမ္ဘာ့အဆင့်မြင့် တက်နိုင်ရေး အတွက် ယှဉ်ပြိုင် နေခြင်းဖြစ်ပြီး  ၃၂  ဦးအဆင့်မှ ထွက်ရသောကြောင့် နစ်နာခဲ့ရသည်။

ယင်းနှင့်ပတ်သက်၍ သက်ထားသူဇာက ''ဒီပြိုင်ပွဲမှာ အကောင်းဆုံးကစားခဲ့ပေမယ့် ရလဒ်ကောင်းကောင်း ရအောင် မလုပ်ပေး နိုင်တဲ့အတွက် အားလုံးကို တောင်းပန်ပါတယ်။ နောက်လာမယ့် ပွဲတွေမှာလည်း အကောင်းဆုံး ကြိုးစားပြီး  ဆုတွေရအောင်ကစားပါမယ်''  ဟု သူမ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

သက်ထားသူဇာသည်  ထိုပြိုင်ပွဲကစား ချိန်တွင်  ကမ္ဘာ့အဆင့်  (၁၄၃)  နေရာ၌ ရပ်တည်နေကာ ပြိုင်ဘက် ထိုင်းကစား သမား သည်  ကမ္ဘာ့အဆင့်  (၆၂)  နေရာ၌  ရှိနေ သူဖြစ်ကြောင်း သိရသည်။         

TZW..................

Read 74 times Last modified on Thursday, 11 April 2019 11:57