SJ WorldNews - шаблон joomla Авто

မန္တလေး ယူနိုက်တက်အသင်း ကစားသမားရွေးချယ်ပွဲ ကျင်းပမည်

Thursday, 11 April 2019 11:57 font size decrease font size decrease font size increase font size increase font size

မန္တလေး၊ ဘောလုံးအားကစား

၂ဝ၁၉-၂ဝ၂ဝ  အမျိုးသမီးလိဂ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မန္တလေးယူနိုက်တက် အသင်းအတွက်  ကစားသမား ရွေးချယ်ပွဲကို    ဧပြီနောက်ဆုံးပတ်တွင်  မန္တလေးမြို့  ဗထူး အားကစားကွင်း၌  ကျင်းပမည်ဖြစ်ကြောင်း  အသင်းဖြစ် မြောက်ရေး ယာယီဥက္ကဋ္ဌ လက်ရွေးစင်ဟောင်း ဦးလာကျဲအိုလွယ်၏ ပြောကြားချက်အရ သိရသည်။

လက်ရှိတွင် အမျိုးသမီးလိဂ်ပြိုင်ပွဲ ယှဉ် ပြိုင်ရန်အတွက် မန္တလေး ယူနိုက်တက်အမျိုး သမီးဘောလုံးအသင်းသည် မန္တလေးတိုင်း ဒေသကြီးရှိ မြို့နယ် အသီးသီးသို့ အကြောင်း ကြားရန် စီစဉ်နေပြီး ထိုမှတစ်ဆင့် ခရိုင်/တိုင်း ဒေသကြီး အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်တို့၏ ညွှန်ကြားချက်ကို ခံယူမည် ဖြစ်သည်။

''လောလောဆယ် စပွန်ဆာကိစ္စအတွက် မန္တလေးတိုင်းဒေသကြီးမှာ  အခြေစိုက်တဲ့ လုပ်ငန်းရှင်တချို့နဲ့ ဆွေးနွေး နေပါတယ်။ အသင်းကိုလည်း မန္တလေးတိုင်း ဒေသကြီးမှာ ရှိတဲ့  လူငယ်ကစားသမားတွေနဲ့  အထက် မြန်မာပြည်မှာရှိတဲ့ ရွက်ပုန်းသီး ကစားသမား တွေနဲ့ ဖွဲ့စည်းဖို့စီစဉ်ထားပါတယ်။ ဇွန်လမှာ လေ့ကျင့်ခန်းစမှာပါ။ လက်ရှိမှာတော့ ကစား သမား ၂ဝ ကျော် ရွေးချယ်ပြီးပါပြီ။  ဧပြီ  နောက်ဆုံးပတ်မှာ  ကစားသမားရွေးချယ်ပွဲ ပြန်စမယ်။  အသင်းကို  လူငယ် အသင်းနဲ့ စီနီယာအသင်းနှစ်သင်း  ဖွဲ့စည်းမှာဖြစ်လို့ အယောက် ၅ဝ ကျော် ရွေးချယ်မှာပါ'' ဟု ဦးလာကျဲအိုလွယ်က ပြောသည်။

မန္တလေး ယူနိုက်တက်အသင်း လိဂ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရပါက မန္တလေးတိုင်း ဒေသကြီးကိုယ်စားပြု ပုဂ္ဂလိကအသင်း အဖြစ် ပထမဆုံးအကြိမ်   မှတ်တမ်းဝင်မည်ဖြစ်ကြောင်း သိရသည်။                         

TZW 

Read 76 times Last modified on Thursday, 11 April 2019 12:14