SJ WorldNews - шаблон joomla Авто

ကျော်မင်းဦး ငြိမ်းချမ်းအောင် မျိုးကိုထွန်းနှင့် ဇေယျာနိုင်တို့အား ထိုင်းနိုင်ငံ၌ ဆေးကုသပေးရန် MFF စီစဉ်

Thursday, 11 April 2019 12:00 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်  MFF သည်  ဒဏ်ရာ ပြဿနာများဖြင့် ရင်ဆိုင်နေရသော ကျော်မင်းဦး၊ ငြိမ်းချမ်းအောင်၊ မျိုးကိုထွန်းနှင့် ဇေယျာနိုင်တို့အား သင်္ကြန်ကာလအပြီးတွင်  ထိုင်းနိုင်ငံ ဗန်ကောက်သို့ သွားရောက်၍ ဆေးကုသ ပေးရန်  စီစဉ်နေကြောင်း MFF အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၏ ပြောဆိုချက်အရ သိရသည်။

''အဖွဲ့ချုပ်အနေနဲ့ ကျော်မင်းဦး၊ ငြိမ်းချမ်းအောင်၊ မျိုးကိုထွန်းနဲ့  ဇေယျာနိုင်တို့ လေးဦးကို ဗန်ကောက်မှာ ဆေးကုသနိုင်ဖို့ ပတ်စ်ပို့ရရှိရေး ဆောင်ရွက်နေပါတယ်။  လာမယ့် သင်္ကြန်အပြီး ၁၈ ရက်၊ ၁၉ ရက်လောက် သွားနိုင်မယ်လို့ ထင်ပါတယ်။ ဟိုမှာ ဆရာဝန်တွေနဲ့လည်း  ကြိုတင်ရက်ချိန်းယူထားပြီးပါပြီ။ ကျော်မင်းဦးရဲ့ MRI ရိုက်ထားတဲ့ အဖြေလည်း ထွက်လာ ပါပြီ။ သူနားထားတာကလည်း နည်း နည်းကြာသွားတော့ တော်တော်လေးတော့ ပြန်လုပ်ယူရမယ်'' ဟု ဦးကိုကိုသိန်းက ပြောသည်။

ကျော်မင်းဦးသည် ၎င်း၏ ဒူးဒဏ်ရာကို ၂ဝ၁၈ ခုနှစ်က ထိုင်းနိုင်ငံသို့ သွားရောက် ကုသခဲ့သည်။ ထို့ကြောင့်  လက်ရှိ ကုသမှုသည်  MFF ဥက္ကဋ္ဌ  ဦးဇော်ဇော်က ကျော်မင်းဦး၏ ဆေးစစ်မှု မှတ်တမ်းဖိုင်ကို ဂျပန်နိုင်ငံသို့ ပို့ဆောင် စစ်ဆေး စေခဲ့ရာမှ အခြေအနေကို သိရှိပြီး ဒုတိယအကြိမ် ဗန်ကောက်သို့ ထပ်မံစေလွှတ် ကုသစေခြင်း ဖြစ်သည်။

ထို့အတူ ငြိမ်းချမ်းအောင်သည်လည်း ဒူးဒဏ်ရာကြောင့် ကာလရှည် အနားယူခဲ့ ရသူဖြစ်ပြီး လက်ရှိတွင် ဘောလုံးပြန် ကစားနိုင်ပြီ ဖြစ်သော်လည်း ပိုမိုစိတ်ချရစေရန် ပြသခြင်းဖြစ်သည်။ မျိုးကိုထွန်းနှင့် ဇေယျာနိုင်တို့သည်လည်း ဒဏ်ရာ ပြဿနာ များရှိနေသောကြောင့် MFF က စေလွှတ် ကုသစေခြင်းဖြစ်သည်။

အဆိုပါ ကစားသမားလေးဦး စလုံးသည် သက်ဆိုင်ရာ လက်ရွေးစင် အသင်းများတွင် အားထားရသော ကစား သမားများ ဖြစ်သည်။

TZW 

Read 45 times Last modified on Thursday, 11 April 2019 12:14