SJ WorldNews - шаблон joomla Авто

တိုကျိုအိုလံပစ် တတိယအဆင့် ခြေစစ်ပွဲကို ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလ သို့မဟုတ် ဖေဖော်ဝါရီလတွင် ယှဉ်ပြိုင်ရမည်

Thursday, 11 April 2019 12:11 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ ဘောလုံး အားကစား

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဧပြီ ၉ ရက်က အိန္ဒိယ အသင်းနှင့် ၂ဝ၂ဝ တိုကျို အိုလံပစ်ပြိုင်ပွဲ ခြေစစ်ပွဲ ကစားရာ သုံးဂိုးစီသရေကျ သော်လည်း  ရမှတ်တူဂိုးကွာခြားချက် အသာဖြင့်  တတိယအဆင့် ခြေစစ်ပွဲသို့   တက်ရောက် နိုင်ခဲ့ပြီး အဆိုပါ ခြေစစ်ပွဲကို ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလ သို့မဟုတ် ဖေဖော်ဝါရီလတွင် ကျင်းပရန်လျာထား ကြောင်း သိရသည်။

ခြေစစ်ပွဲ တတိယအဆင့်တွင် ခြေစစ်ပွဲဒုတိယ အဆင့်မှ တက်ရောက်လာသည့် မြန်မာ၊ ဗီယက် နမ်နှင့်  တရုတ် (တိုင်ပေ)  အသင်းတို့ အပါအဝင်  ခြေစစ်ပွဲတတိယအဆင့်မှ   စတင်ယှဉ်ပြိုင်ခွင့်ရသော သြစတြေးလျ၊ တရုတ်၊ မြောက်ကို ရီးယား၊  တောင်ကိုရီးယားနှင့်   ထိုင်းအသင်းတို့  ပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

အဆိုပါခြေစစ်ပွဲကို  လေးသင်းစီပါဝင်သော  အုပ်စုနှစ်ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စုတစ်ခုစီမှ ပထမနှင့်  ဒုတိယဆုရ အသင်းများက  ခြေစစ်ပွဲ နောက်ဆုံးအဆင့် ယှဉ်ပြိုင်ခွင့် ရမည်ဖြစ်ကြောင်း သိရသည်။                           

TZW

Read 49 times Last modified on Thursday, 11 April 2019 12:13